အခန်းဆက်ဝတ္ထုရှည်

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၉)

သက္ကရာဇ် ၁၂၃၁ ခုနှစ်အဝင် တာသင်္ကြန်ကျပြီးသည့်နောက် မင်းတရားကြီး နန်းတက်တော်မူသော နှစ်မှစ၍ ယခု ၁၂၃၁ ခုနှစ်တိုင် နှစ်စဉ်အတာသဘင်၌ လှူဒါန်းမြဲဖြစ်သော အလှူအပြင်  တစ်ဆယ့်နှစ်လရာသီ သဘင်ပွဲလမ်း အလှူတော်များကိုလည်း လစဉ်မပျက်စီရင် ခင်းကျင်း လှူဒါန်းတော်မူခဲ့သည်။

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှ အဆက်

၎င်းတို့၏ တပည့်လူငယ် ၁၃ ဦးတို့ကိုလည်း မကျန်မကြွင်းစေရ၊ ရှမ်းဘောင်းဘီနှင့် ပိုးပဝါရှည်ကြီးများ လူစေ့ပေးသနားတော်မူစေပါသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၇)

နောက်လတွင် ဇင်းမယ်သေနတ်ဗိုလ်နှင့် ဇင်းမယ်လူမျိုးအမှုထမ်း ၄၀၀၊ ဘုန်းတော်ပြည့်သေနတ် စာရေးနှင့် အမှုထမ်းလူ ၃၉၀၊ ကျွန်တော်မျိုးမောင်အောင်သူနှင့် ရဲဘက်မြင်းစီး ၂၅၊ သူကောင်ထမ်း ၁၀၊မိုင်းမိတ်မြို့စား ရိုးခမ်ပိုးနှင့်လူ ၁၀၀ စုစုပေါင်းလူ ၉၀၀ ကျော်တို့ကို လမိုင်း ဝန်ထောက်မင်းကြီးမဟာမင်းလှမင်းခေါင်ရှိရာတပ်သို့ ချီတက်ထမ်းရွက်စေ

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၆)

(၉)     မြန်မာ့ကျွန်တော်မျိုးတို့ကို အချို့ရာဇဝတ်ပြစ်မှုနှင့် စွဲဆိုသောကာလတွင် မြန်မာတို့ထံ အင်္ဂလိပ်ကိုယ်စားလှယ်က လွှဲအပ်ရမည်။ မြန်မာအရာရှိတို့ကလည်း အင်္ဂလိပ်ကိုယ်စားလှယ်ရှေ့တွင် ၎င်းအမှုကို စစ်ဆေးရမည်။

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

မဟာဒါန်ဝန် နေမျိုးရာဇသီဟနှင့် ရေနံ့သာမြို့အုပ်လက်စွဲကြီး မင်းလှမင်းတင်ရဲခေါင်တို့ကို ငစဉ့်ကူးနယ်တွင် သံကျောက်၊ ကြေးနီကျောက်၊ ဘော်ကျောက်(သံသတ္တု၊ ကြေးနီသတ္တု၊ ဘော်ငွေသတ္တု)များကို ရှာဖွေ စေခိုင်းတော်မူထားသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၄)

ပြင်သစ်အစိုးရအား သူတို့၏သြဇာအရိပ်က တစ်စိတ်တစ်ဒေသလွှမ်းမိုးထားရှိပြီး ဖြစ်လေရာ  မြင်ကွန်းမင်းသားကြီး၏ တိုက်ရေးခိုက်ရေးတွင် လက်နှေးစေရန်၊ အားပျော့စေရန်၊ ယခုအခြေအနေထက်ပို၍ အားပြည့်မလာစေရန် ကိစ္စရပ်များကို ညွှန်ကြားရလေသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၃)

ယခင်က သူတို့မလိုလားခဲ့သူ အိမ်ရှေ့စံကနောင် မင်းကြီးထက်ပင် မြင်ကွန်းမင်းသားက ဓားသွားထက်ပေလိမ့်ဦးမည်ဟု ခံယူချက်ပြုထားကြသူများ ဖြစ်ရာ မြင်ကွန်းမင်းသားကြီးက အခွင့်အရေး ပူသလောက်သူတို့ဘက်က အေးစက်စက်နေလိုက်ကြသည်။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားကြီးမှာ နာသာခံခက်ဖြစ်နေရရှာသည်။

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှ အဆက်

ယင်း  မောင်ဘိုးတင်နှင့် မမယ်ကြည်တို့၏သား စလေဆရာကြီး ဦးပုည၏ မြေးသူငယ်သည် ဒုက္ခထူပြောသော လူ့လောကထဲတွင် မနေလိုသောကြောင့် ဘုရားသာသနာတော် အတွင်းတွင်ပျော်မွေ့က ရဟန်းတော် ဦးကေသရဘွဲ့အမည်နှင့်  ဂန္ထဓုရ ဝိပဿနဓုရ နှစ်ပါးကို အားထုတ်ကြိုးပမ်းလျက် နေထိုင်သီတင်း သုံးတော်မူခဲ့လေရာ အသက်အရွယ် ၅ဝ၊ ဝါတော် ၃ဝ အရ၌ အနိစ္စသဘောအတိုင်း နတ်တိုင်းသို့ ပျံလွန်ခဲ့သည်ဖြစ်ရာ ဆရာကြီး ဦးပုည၏ အနွယ်အပွားဆို၍ လုံးဝအမြစ်ပြတ်၍ သွားခဲ့ရလေတော့သည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၁)

မင်းတုန်းမင်းတရားကြီးသည် ပညာရှိပုဂ္ဂိုလ်များကို အလွန်တရာ မြတ်နိုးစုံမက်တော်မူလေ့ရှိသည်။ ဤမျှ အပြစ်ကြီးသော ပုန်ကန်မှုကြီးတွင်  ပါဝင်မိမှားတိုင်အောင် ရွာစည်ရွာစား လက်ဖက်ရည်တော် မင်းလှသင်္ခယာ ဘွဲ့ခံ စလေဆရာကြီး ဦးပုညအပေါ်တွင် အမျက်တော်မထား၊ ရာဇဝတ်အပြစ်ပေးရမည် ဖြစ်သော သေဘေးမှ ကယ်တင်တော်မူလိုက်ခြင်း ဖြစ်ရာ မြို့ဝန် ဦးသာအိ

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၂၀)

ထို့အတူ ယခုဦးပုည၏ ကိစ္စမှာလည်း မိမိသဘော အလျောက်   ကြိုတင်သုတ်သင်သတ်ဖြတ်ပြီးကာမှ လွှတ်တော်သို့ သုံးတန်းတောင်းသော လျှောက်လွှာကို ပေးပို့ခဲ့သည်။