အရေးကြီးပြီ သွေးစည်းကြစို့
ယမန်နေ့မှအဆက်

ယမန်နေ့မှအဆက်
ယမန်နေ့မှအဆက်
အောက်တိုဘာလဆန်းလာသဖြင့် ရာသီဥတု ကောင်းလာသည်။ မိုးကား မပြတ်သေး။ သို့သော် ဆက်တိုက် မရွာတော့။ စခန်းတစ်ခုလုံး အလုပ်ရှုပ်နေကြသည်။ ဌာနချုပ်မှလူကြီးများ ရောက်လာတော့မည်ဖြစ်သဖြင့် အစစအရာရာ ပြင်ဆင်နေကြသည်။ စခန်းသန့်ရှင်းရေးလုပ်သူက လုပ်သည်။ စက်များ၊ ပစ္စည်းများ၊ သစ်ဝါး များကို နေသားတကျဖြစ်အောင် ပြောင်းရွှေ့သူများက ပြောင်းရွှေ့သည်။
“စင်ရော်ဆောင်ထိပ်က ကိုဖေချစ်တို့ဆိုင်လေးကိုရော ရှင်းလိုက်ရမလား ဆရာကြီး”
ယမန်နေ့မှအဆက်
သီတင်းကျွတ်၍ ရာသီဥတုကောင်းလာလျှင် သူတို့သားအမိအလည်လာကြလိမ့်မည်။ အောင့်အည်းကာ စောင့်နေရမည်ဖြစ်သည်။ သင်္ချာဆရာမကြီးကို စခန်းကျောင်းတွင်စာပြခိုင်းရသော် မကောင်းလားဟုစဉ်းစား ကြည့်သည်။ မိရွှေမြင့် နှုတ်ခမ်းစူလိုက်မယ့်ဖြစ်ခြင်း။ တော်ပြီ၊ နောက် သည်အကြံမျိုးစိတ်ကူးထဲပင်မထည့် တော့ဟု ဆုံးဖြတ်လိုက်သည်။ ကျောင်းအကြောင်း စဉ်းစားမိရာမှ ကလေးများနှင့် ဆရာ၊ ဆရာမများနေရာ ကျရဲ့လားဟု သတိရသဖြင့် လှမင်းနှင့်စောသာအေးကို ခေါ်၍မေးရသည်။
ယမန်နေ့မှအဆက်
သောင်းဒန် ခပ်မဆိတ်နေလိုက်သည်။ သူနှင့်မဆိုင်လှဟု ထင်သည်။ သို့သော် ထိုသတင်းကြားရသည့် အတွက် ဝမ်းသာသည်။ တိုင်းမှူး ရန်ကုန်ရောက်သည့်အခါ ဌာနချုပ်မှ အုပ်ချုပ်ရေးမှူးနှင့် တွေ့သည်။
စင်ရော်လမ်းမကြီးပေါ်တွင် ကလသဖကားများ ပြေးမည်ဟုပြောသည်။ ထိုဂယက်ကြောင့် လမ်းအပြင်ခိုင်းခြင်းဖြစ်ရမည်ဟု သောင်းဒန်တွက်မိသည်။
တိုင်းအင်ဂျင်နီယာအဖွဲ့ကို သောင်းဒန်ကပဲ တောင်ထိပ်သို့ ခေါ်သွားကာ ရှင်းပြသည်။
''ဟောဟိုနားမှာ ကျောက်ဆောင်တစ်ခုရှိတယ် ခင်ဗျ။ အဲဒါနဲ့ တစ်ဆက်တည်းနေမှာပဲ''
ယမန်နေ့မှအဆက်
ယမန်နေ့မှအဆက်
ထို့နောက် တံတားခန်းဖွင့်မှာ ပေ ၇ဝ တစ်ခု၊ ပေ ၁ဝဝ လေးခုဖြစ်သွားမည့် အကြောင်းကိုလည်း ရှင်းပြသည်။ မည်သူမျှမကြိုက်ကြ။ အလှပျက်သွားမည်ဟုဆိုကြသည်။ သောင်းဒန်နှင့် တစ်သဘောတည်းပင်ဖြစ်သည်။
''ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာ။ တံတားပြီးဖို့က အရေးကြီးတာ။ ခုအတိုင်းဆိုရင်တော့ အားလုံးချောချောမောမော ဖြစ်သွားမှာပဲ။ ဒါကြောင့် ငါလည်း အလှပျက်တာကို အကျောက်အကန် မပြောခဲ့တော့ဘူး''
သူတို့အားလုံး အနည်းငယ် အားတက်သွားကြသည်။
သို့သော်လည်း ရင်ထဲတွင်ကား လုံးလုံးပေါ့မသွား။
ယမန်နေ့မှအဆက်
တက္ကသိုလ် ကထိကကြီးတစ်ယောက်၌ သမီးပျိုသုံးယောက်ရှိသည်။ သောင်းဒန်က ကျော်ဆွေနှင့် သော် ကောင်းတို့အား ခေါ်သွားသည်။ အခန့်သင့်ချင်တော့ အိမ်၌လူကြီးများမရှိကြ။ “အတွတ်တို့၊ အဖြူတို့ လာကြဟေ့” ဟုခေါ်ကာ သူတို့နှင့်မိတ်ဆက်ပေးပြီး သောင်းဒန်ချည်း စကားဒိုင်ခံပြောသည်။ ကျော်ဆွေနှင့် သော်ကောင်းငေးပြန်လာခဲ့ရသည်။
ယမန်နေ့မှအဆက်
''တိုင်နေရာတွေ ရွှေ့လိုက်တော့ ရေစီးနဲ့ဘယ်လိုနေပါ့မလဲ။ အခုလျာထား ထားတာက ရေစီးသန်တဲ့ ချောင်းလယ်မှာ တိုင်ကြီးခံမနေရအောင် လုပ်ထားတာ''
''အို ဒါလည်းဖြစ်ပါတယ်။ စင်ရော်ချောင်းက ဘယ်လောက်ရေစီးသန်တဲ့ ချောင်းလဲ။ ပေ ၃ဝ ရွှေ့လိုက်တာနဲ့ ရေစီးတာနဲ့မဆိုင်ပါဘူးဗျာ။ ရေစီးကြောင်းကို ပြောင်းပေးလိုက်ရင် ပြီးတာပဲဗျာ''
''ကျွန်တော်တော့ သိပ်...''
''နို့ ဦးသောင်းဒန်က ဘယ်လိုအကြံပေးချင်သလဲ။
ဘယ်လိုလုပ်ရင်ကောင်းမလဲ။ တင်ပြဦးမှပေါ့''
''ကျွန်တော့်မှာတင်ပြစရာမရှိပါဘူး။ အထက်က ချပေးတဲ့အတိုင်း လုပ်ရမှာပါပဲ။ ဒါပေမဲ့...''
ယမန်နေ့မှအဆက်
“မစ္စတာဒေးဗစ်ဆိုတာ လူကြီး။ ခင်ဗျားက ဂျီတီအိုင်ကျောင်းဆင်း။ သူ့ထက် ရင့်တယ်။ ကျွန်တော်ပြောရင် လေးစားမှာမဟုတ်ဘူး။ အဲဒီတော့ ခင်ဗျားတို့ပြောကြ”
“ကျွန်တော်က ဒါမျိုး ပြောတတ်တာ မဟုတ်ဘူးဗျ” လှမင်းက ငြင်းနေသည်။ ဟုတ်သည်။ လှမင်းသည် အလုပ်သဘောအရ လူကြီးဖြစ်နေသော်လည်း ဤကိစ္စမျိုး၌ ပြောရေးဆိုရေး မကျွမ်းကျင်။
“ဘာပြောရမှာလဲ။ ပြောဆို ကျွန်တော် တဲ့တိုးကြီး ပြောချလိုက်မှာ” အောင်ကြီး ပြုံးနေသည်။
ယမန်နေ့မှအဆက်
''အေးကွာ အောင်ကြီးရာ တို့မှ ဒါတွေဟာ ပြဿနာ လာဖြစ်နေရတယ်။ တို့က ရွာတည်ထားပြီး သူကြီး ဆယ်အိမ်ခေါင်း လုပ်မိလျက်သား ဖြစ်နေတာကိုးကွ။ ဆိုစမ်းပါဦး မြင့်သိန်းလေးကိစ္စ'' ''ဦးမြစ်က ရန်ကုန်ပြန်တော့မယ် ပြောနေတယ် ဆရာကြီး။ သမီးလေးတစ်ယောက်တည်းမို့ သိပ်ချစ် တာ။ မြင့်သိန်းလေးနဲ့ ကျင်ကျင်ကို သဘောမတူနိုင် ဘူးတဲ့။ သူတို့ဆွေမျိုးထဲက ပေးစားမလို့တဲ့။ ကုန်သွယ် ရေးက စာရေးလေးတစ်ယောက်ဆိုပဲ''