အရေးကြီးပြီ သွေးစည်းကြစို့
ယမန်နေ့မှအဆက်
“ဘာကိစ္စလဲ ဆရာ”
“ဦးမြစ်သမီးလေးအကြောင်း မေးချင်လို့ပါ။ ညနေစောင်းက ဦးမြစ်မိန်းမ ဒေါ်သေးသေး သူ့ယောကျ်ားကို လာပြီးခေါ်သွားတယ်။ အလုပ်ဆင်းလို့ သူတို့အခန်းကို ကျွန်တော်လိုက်သွားတော့ ကောင်မလေးငိုနေတယ်။ ဦးမြစ်တော့မတွေ့ခဲ့ဘူး။ ဘာဖြစ်ကြတာလဲ၊ ခင်ဗျားတို့ သိမလားလို့ပါ”
“မသေးသေးပြောတာပဲ ဆရာ။ ကျင်ကျင်ကမြင့်သိန်းနဲ့ ကြိုက်နေသတဲ့”
“ဘယ်မြင့်သိန်းလဲ၊ မြင့်သိန်းက နှစ်ယောက်ရှိတယ်”
