အခန်းဆက်ဝတ္ထုရှည်

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှ အဆက်

    အိမ်ရှေ့ကိုယ်တော်ကြီးသည်  ညီလာခံခန်းမဆောင်မှ ထွက်လာခဲ့ပြီးနောက် မှန်နန်းဆောင်မှ ဖြတ်ကာ နန်းမတော်ဆောင်ကြီးသို့ ရောက်လေသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၉၃)

“တင်တင်က မချစ်လို့အပြစ်မြင်သည်မဟုတ်ပါ။ မောင်တော်ကသာ ပြိုတော့မည့်မိုးလို ရွှေမျက်နှာ ရှစ်ခေါက်ချိုးနှင့် သီလဝင်ဓားရိုးကို ကိုင်တော်မူခြင်းပါကလား” ဟု တစ်ပါးချင်းစိတ်တွင်းက ဆင်ခြေပေးနေမိသေးသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၉၂)

ယင်းသို့လျှင် ချီတုံချတုံဖြင့် မိမိကိုယ်ကိုမိမိ နိုင်နင်းစေရန် အားမာန်တင်းကာ အချစ်လာလျှင် အနာနှင့်ဆို့၍ နေတော်မူရှာဆဲမှာ အဆောင်တော်ထဲသို့ ဝင်ရောက်လာသော အပျိုတော်ကလေးခင်ညှာကို တွေ့မြင်တော်မူရလေသည်။ ခင်ညှာ၏ မျက်နှာမှာလည်း ခါတိုင်းနှင့်မတူ တစ်မူထူးခြားနေသည်။ သူ့မျက်နှာကရွှန်းရွှန်းစားစား ကြည်ကြည်လင်လင်နှင့် အပါးတော်တွင် ဝင်ရောက်ခစား လာသည်။

သို့ကြောင့် “ဘာအကြောင်းများ သံတော်ဦးတင်မယ်လို့လဲ ခင်ညှာ” ဟူ၍ အမိန့်တော်သာလျှင်ပင် ခင်ညှာကလည်း မဆိုင်းမတွ...

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၉၁)

ထို့ကြောင့် နာဂဆဒ္ဒန်ကို အလားတူ ပြန်လည် ချေပနိုင်မှုအတွက် အမျက်ဖြေဘောလယ်တစ်ပုဒ်ကို အိမ်ရှေ့ကိုယ်တော်ကြီးက သူ့နှမတော်အတွက် ရေးသားပေးဆက်တော်မူလိုသည်။ သို့ပေမင့် ကိုယ်တော်တိုင်မှာ သီချင်းဂီတ ကဗျာပိုင်းဆိုင်ရာ၌ စိတ်ဝင်စား တော် မူခဲ့ပါသော်လည်း အရေးအသား အစီအကုံး အနှုန်း အဖွဲ့အရာ၌ သာမန်မျှသာအလေ့အလာရှိခဲ့ပေသည်။ နှမတော်လှိုင်ထိပ် ခေါင်တင်ကဲ့သို့ အရေးအသားတွင် ကျွမ်းကျင်ပြောင်မြောက်မှုမရှိသဖြင့် လှိုင်ထိပ်ခေါင်တင်၏ လက်ရာထက် သာလွန်အောင် စွမ်းဆောင်တော် မမူနိုင်ရှိနေလေသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၉၀)

ယင်း နာဂဆဒ္ဒန်ချီဘောလယ်သည် မိဖုရားခေါင်ကြီး၏ အဆောင်တော်သို့ လှိုင်ထိပ်ခေါင်တင် ပြောင်းရွှေ့စံတော်မူရာမှ ရေးသားလိုက်သော ဘောလယ်ဖြစ်လေသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၈၉)

နန်းမတော်မိဖုရားကြီးလည်း ညီမတော်လှိုင်ထိပ်ခေါင်တင်အား သနားကြင်နာယုယစွာနှင့် ကျောလက်သပ်ကာ...

“ညီမတော်လေး စိတ်လက်ပြေပျောက်တော်မူသည်အထိ မိဖုရားဆီမှာ စံနေတော်မူပါ။ မတ်တော်မောင်ဘယ်လိုဖြစ်သည်ကိုလည်း စုံစမ်းပေးတော်မူပါမည်” ဟု အားပေးတော်မူသည်။ လှိုင်ထိပ်ခေါင်တင်သည် မောင်တော်အိမ်ရှေ့ဘုရားအပေါ်တွင် နာကြည်းတော် မူခဲ့သည်တွင် ယခုအခါ ရှက်စိတ်နာဝမ်းနည်းခြင်းက တစ်ဆတိုး၍ ထမ်းပိုးတက်လာပြန်သဖြင့်-

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၈၈)

သို့သော် စိတ်ဝိတက်များနေခိုက်ဖြစ်၍ အစ၌တန့်နေသည်။

တကယ်ဆိုလျှင် သူကသာချော့ရမည့်အစား စိတ်ကောက်နေသည်ကို ပို၍နာကြည်းအောင်ပြုရက်လေခြင်းဟု ဝမ်းနည်းခြင်းနှင့် စိတ်နာခြင်းတို့က အပြိုင်အဆိုင်လုယက်တိုးဝှေ့၍ နှလုံးသားအတွင်းမှာ နေရာယူထားလိုက်ကြပါသည်။ ဂီတက ရှေ့မတိုးနိုင်သေးပေ။ အပါး၌ရှိနေကြသူ ကိုယ်လုပ်တော်ငယ်များ၊ အပျိုတော်များမှာနေစရာရှာမရအောင်ကြောက်ရွံ့နေကြရှာသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

မိမိအဆောင်တော်မှာလည်း  သားတော်ကလေးထန်းတပင်မင်းသားတစ်ပါးက ထွန်းကားလျက်ရှိရာတွင် အခြားကိုယ်လုပ်တော်တို့ အဆောင်များ၌ ပျော်ပျော်ပါးပါး စံစားနေတော်မူတတ်လျှင် ယင်းနှင့်အလားတူ အိမ်ရှေ့ဆောင်မတော်ကြီးမှာလည်း  တစ်ခါတစ်ရံသားတော်ထန်းတပင် မင်းသားကလေးနှင့် မိမိတို့သား မယ်တော်နှစ်ပါးအား မိသားစုအဖြစ် ပျော်ရွှင်ကြည်လင်စွာ စံနေတော်မူ

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၈၆)

“ဟယ်... တစ်ရက်နှစ်ရက်တောင် စောင့်ရဦး မလား၊ မစပ္ပာယ် ခေါင်းစုတ်ဖွားနေရတာ မကြည့်ချင် ပါဘူး။ ဟဲ့ မိရွှေစင် လာစမ်း။ တင်တင်ဆီမှာ မစပ္ပာယ်က မြတ်လေးဆီနည်းနည်းပေးလိုက်ပါလို့ သွားတောင်း ချေ” ဟု အိမ်ရှေ့ကိုယ်တော်ကြီးက မိန့်တော်မူ လေသည်။

အထိန်းတော်၊ အချီတော်ကလေး မိရွှေစင်သည် သခင်ကြေးလှမ်းပေးသော ရွှေဖလားငယ်ကလေးကိုယူလျက် အိမ်ရှေ့တော်ဆောင် မကြီးရှိ လှိုင်ထိပ်ခေါင်တင်ထံသို့ထွက်လာခဲ့ရလေသည်။

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

(ယမန်နေ့မှအဆက်)

သမီးတော်ငယ်ကလေးများနှင့်လည်း အငြီးဖြေ ပျော်ပျော်ရွှင်ရွှင် စံနေတော် မူတတ်လေသည်။

သမီးတော် သားတော်ငယ်များကလည်း ခမည်းတော်အိမ်ရှေ့မင်း အပါးတော်ဝယ် ငယ်ရွယ်သူများပီပီ ပလီပလာ တွတ်တီးတွတ်တာ ပြောဆိုနေကြခြင်းကြောင့် တပြုံးပြုံးနှင့် အပျင်းတော် ပြေရလေသည်။