အခန်းဆက်ဝတ္ထုရှည်

ရန်ကုန်တက္ကသိုလ် ကျောင်းတော်သား ကျွန်တော်

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုဆောင်းပါး

စိန်ဝင်း(၄ဝ)

ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့်    ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသား နှစ်ကြိမ်ဖြစ် ဖူးပါ၏။  ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ  ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး   ဒုတိယ တစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ် အထိဖြစ်သည်။  ရန်ကုန်တက္ကသိုလ်၏ စိန်ရတုကာလ   ကျောင်းသားဖြစ်ခဲ့ပြီး  ယင်းကာလနှင့် ပတ်သက်၍  ရေးသားမှု များစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည် မျှဝေလိုစိတ်ဖြစ်ပေါ်မိပါသည်။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

“ဟုတ်တယ်။ ဒါလောက်တော့ ခင်ဗျားတို့ဌာနချုပ် ပြောမနေပါနဲ့ဗျာ။ ကျွန်တော်တို့တိုင်းမှူးနဲ့ပဲ ပြီးနိုင် ပါတယ်။ ဒီဟာက သူ့နယ်မဟုတ်လား။ နယ်ဖွံ့ဖြိုးမှုဟာ သူ့တာဝန်ပဲ။ ကျွန်တော်လည်း ကြုံရင်ပြောထား လိုက်ဦးမယ်”

အရေးကြီးပြီ သွေးစည်းကြစို့ (၁၉၇၁ခုနှစ်၊ အမျိုးသားစာပေဆုရ ၀တ္ထုရှည်)

ဆောင်းပါးရှင်-ကျော်အောင်

ယမန်နေ့မှအဆက် ထိုညတွင်   သောင်းဒန်သည်   လအကရုံးသို့  လိုက်သွားကာ ဗိုလ်ကြီးဘကြိုင်၊ ဒုတိယဗိုလ်မှူးကြီး သိန်းအောင်တို့နှင့်အစီအစဉ်များ ရေးဆွဲတိုင်ပင်သည်။

အထူးသဖြင့် လုံခြုံရေးကိစ္စသည် အရေးကြီးသည်။

ထို့နောက် စားရေးသောက်ရေးကိစ္စများ နှစ်ဦးစလုံးက အတတ်နိုင်ဆုံးအကူအညီပေးပါမည်။ ထိုထက်ပို၍ အစစအရာရာ ဦးစားပေး၍ကူညီပါမည်ဟု ကတိပေး ကြသည်။

ပြန်လာလျှင် ဘုရားတန်ဆောင်းထဲတွင် အားလုံး ငြိမ်နေသည်ကိုတွေ့ရသည်။ အချိန်ကား ည ၁၁ နာရီ ခန့်ရှိနေပြီ။ အင်ဂျင်နီယာလေး ကိုအောင်ကြီးတစ်ယောက် မအိပ်သေးဘဲ အလုပ်သမားလေးငါးယောက်နှင့်ဝိုင်းဖွဲ့ စကားပြောနေသည်ကို တွေ့ရသည်။