အခန်းဆက်ဝတ္ထုရှည်

ရတနာပုံ၏နိဒါန်းနှင်နိဂုံး

 

အမှတ်စဉ်(၂၀၈)

ကျယ်လောင်စူးရှစွာအော်သွားသော ငှက်ဆိုးထိုးသံများကလည်း တစ်ချီတစ်ချီကြားရသေးသည်။ ကြောက်ရွံ့တတ်သော မိန်းမသား ကလေးဖြစ်၍ ဤအခြင်းအရာများကြောင့် တုန်လှုပ်ချောက်ချားနေမိပါသည်။

ခါတိုင်းနှင့်မတူ ဆိတ်ငြိမ်သော မြင်းဇောင်းကြီးအနီးအပါးမှာ တစ်ခါတစ်ခါ ဖြတ်သန်းသွားလာသော လူခြေသံ တရှပ်ရှပ်ကိုလည်း ကြားရသည်။ ထိုအခြင်းအရာတို့ကိုမသင်္ကာ၍ ဒိုင်းခင်ခင်ကြီးက ဝါးထရံအနီးသို့တိုးကပ်ကာ   သေးငယ်သောထရံပေါက်ကလေးမှ အသာချောင်းကြည့်လိုက်သည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

 

အမှတ်စဉ်(၂၀၇)

စုဖုရားလတ်က ညီမတော်စုဖုရားလေးကို ကျေကျေနပ်နပ် ပေးအပ်ဆောင်နှင်းထားသောကြောင့်လည်း ဒိုင်းခင်ကြီးကို မေ့သလို လိုရှိ သည့်အခါရှိသည်။ ဒိုင်းခင်ကြီးကို သတိရပြန်တော့လည်း သူ့အကြောင်းမေးရန် ဆွံ့အနေသလို ရှိခဲ့သည်။ စုဖုရားကလေးကိုလည်း ရှေးအခါက မေတ္တာရည်မှန်းခဲ့ဖူးသော စိတ်နှင့် မှာတမ်းတော်များပေးပို့ခဲ့ဖူးသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

 

အမှတ်စဉ်(၂၀၆)

“ယခု ပို့အပ်လိုက်သော ရာဇဝတ်ကောင်တို့၏ ငယ်မည်စာရင်းဦးရေနှင့်တကွ လက်ခံရရှိကြောင်းကို မိုးကောင်းထောင်မှူးက တင်လွှာ တွင် လက်မှတ်ရေးထိုး ဆက်သလိုက်ရမည်”

မောင်ဖေငယ်သည် မိုးကောင်းဝန်၏ စာရေးကြီးက တိုးတိုးတိတ်တိတ်ဖတ်ပြသော အမိန့်ကိုကြားရပြီးမှ မိမိရာဇဝတ်သင့်ရသော အမှုမှာ  ဘယ်အခါကမျှ ကြံစည်ပြစ်မှားရန်စိတ်ကူးရုံမျှ စိတ်မကူးခဲ့ရသော ထီးနန်းလုပ်ကြံမှုကြီးဖြစ်နေကြောင်း သိရလေတော့သည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၂၀၅)

ထို့နောက် ဘုရင်မင်းမြတ်သဒ္ဓါတော်မူ၍ လျှမ်းလျှမ်းတောက် ကောင်းစားနေခဲ့သူ ရနောင်မြို့စားမင်းသားကြီး မောင်မောင်တုတ်တို့ ရုတ်တရက် ရာဇဝတ်မှုရောက်ကြရသောအကြောင်းများအဆုံး သူတို့ကြားမြင်သိရှိ ခဲ့သလောက်တို့ကို    တစ်ယောက်တစ်ပေါက် မိုးကောင်းဝန်မင်းတို့ကို   လျှောက်တင်အစီရင်ခံကြလေသည်။

ရတနာပုံ၏နိဒါန်းနှင်နိဂုံး

 ရတနာပုံ၏နိဒါန်းနှင်နိဂုံး

အမှတ်စဉ်(၂၀၄)

လှေကြီး၏ဝမ်းဗိုက်အတွင်းမှာတော့ ဝက်ခြံပမာ ဝါးတို့ဖြင့် ခြံခတ်ကာရံပြီး အပေါ်မှာ ဝါးကပ်ဖိထားသော ယာယီအချုပ်ခန်း ငယ်ရှိသည်။ ၎င်းအချုပ်ခန်းငယ် အတွင်းတွင်မူကား ရာဇဝတ်သင့်သဖြင့် နေပြည်တော်မှ အထက်မိုးကောင်းမြို့သို့ အပို့ခံရသော ရာဇဝတ်အကျဉ်းသားများရှိလေသည်။    

ရတနာပုံ၏နိဒါန်းနှင်နိဂုံး

 

အမှတ်စဉ်(၂၀၄)

မြို့ဝန်မင်းနှင့် နောက်ပါတို့သည် စစ်ဆေးလိုသော အခန်းနှစ်ခန်း သုံးခန်းမျှပြီးလျှင် ကျန်ရှိသော အခန်းများကိုကျော်ကာ မောင်မောင် တုတ် ချုပ်နှောင်ထားရာအခန်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာကြသည်။ အခန်းထဲသို့ရောက်လျှင် မောင်မောင်တုတ်မှာ ထိုအချိန်တွင် စုပုံထားသော ကောက်ရိုးထုံးများကိုမှီလျက် မျက်စိကိုမှိတ်ကာ မိမိဖြစ်စဉ်ကို ခေါင်းငုံ့ စဉ်းစားနေခိုက် ဖြစ်လေသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၉၅)

ထောင်သွင်း၍ အကျဉ်းချခြင်းခံရသော ရနောင် မြို့စားမင်းသား မောင်မောင်တုတ်မှာ  တစ်နေ့ပြီး တစ်နေ့နှင့် တရွေ့ရွေ့ရက်ကြာလာခဲ့သည်။ မိမိကို မှီခိုကာ ကျေးဇူးများစွာ ဖြစ်ထွန်းခဲ့သူများပင်လည်း အနီးသို့ မသီလာဝံ့ကြသဖြင့် ဘာသတင်းမျှမကြားရ။ လူ့လောကကြီးနှင့် လုံးဝအဆက်ပြတ်၍နေလေသည်။

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

 

အမှတ်စဉ်(၂၀၂)

“ဒါတွေကို ပြောမနေပါနဲ့တော့ မြေးရယ်၊ ကဲ...ဘိုးဘိုးမေးမယ်၊ အချုပ်ထောင်မှူးငယ် အောင်သူနှင့်အချုပ်ထောင် အစောင့် အရှောက်များထံက အစီရင်ခံချက်အရ ခင်ကြီးမှာ ပေါ့ပေါ့ပါးပါးမရှိဟန်လက္ခဏာများ တွေ့မြင်ရတယ်ဆိုသည်မှာ ဟုတ်ကဲ့လား”

“မှန်ပါတယ် ဘိုးဘိုးဘုရား၊ ရွှေနန်းရှင်ဘုရား၏ သွေးတော်သားတော်တစ်ပါးထွန်းကားရပါတော့မယ်” ဟု ဖြေလိုက်သောအခါ တိုင်တားမင်းကြီးသည် ခေါင်းကိုတစ်ချက်ညိတ်လိုက်ရင်းမှ...

ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

 

အမှတ်စဉ်(၂၀၁)

လှည်းရပ်ပြီး များမကြာမီမှာပင် ခေါ်လာသော အစောင့်အရှောက်များနှင့် မြင်းဇောင်းအထွက်မှ ထွက်ကြိုကြသောလူများ   တီးတိုး စကားပြောကြပြီးလျှင် ပိတ်ထားသော မြင်းဇောင်းတံခါးကိုဖွင့်လိုက်ရာအတွင်းမှ တုတ်တုတ်ခိုင်ခိုင်မိန်းမကြီးတစ်ဦး ရေနံချေးမီးခွက် ကို ကိုင်လျက်ထွက်လာသည်။

ရတနာပုံ၏နိဒါန်းနှင်နိဂုံး

 

အမှတ်စဉ်(၂၀၀)

ဒိုင်းအတွင်းဝန်၊ ပုဂံမြို့စား ဦးဘိုးကြီး၏အဖ၊ ခန်းပတ်မင်းကြီးအားလည်း ရာထူးစည်းစိမ်ရုပ်သိမ်း၍ ထောင်အကျဉ်း ထားစေ။ ရေနံချောင်းမင်းကြီး ဦးမောင်ကလေးကိုလည်း ရာထူးဘွဲ့မည်နုတ်၍ အချုပ်တွင်ထားစေ။ ဒိုင်းအတွင်းဝန် ပုဂံမြို့စား ဦးဘိုးကြီးအားရာထူးဘွဲ့အမည်နုတ်၍ ထောင်အကျဉ်းထားရာမှအသက်အဆုံးစီရင်စေ။ ဒိုင်းအတွင်းဝန်ကတော် ကိုလည်း အကျဉ်းချထားရာမှ အသက်အဆုံးစီရင်စေ။