အခန်းဆက်ဝတ္ထုရှည်

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ငွေသွေးဖြင့်ရွှန်းနေသော ငွေရောင်ခြည်မှုန်မှုန် စက်စက်ကလေးများသည် ပန်းရွက်ပန်းခက်များ တွင် တွဲလဲဆိုင်းလျက်ရှိလေသည်။ ပန်းရနံ့များသည် ညင်းညင်းညံ့ညံ့တိုက်သော လေလှိုင်းကိုစီးလာကြသဖြင့် မွှေးမွှေးကြိုင်၍နေသည်။

“ဝေေ၀”

“ကို”

သူတို့၏အကြည့်မှာ ချစ်ရည်လျှံလျက် တလွင်လွင်ဝင်းနေသည်။ သူတို့၏ အသံမှာ အေးမြ ပျော့ပျောင်း လှသည်။

“ထလေ...မျက်နှာသစ်တော့”

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဦးစောဟန်သည် အခြေပျက်နေသော ဝေေ၀၏အကြည့်ကို စိုက်ကာ ထိတ်လန့်ပူပန်မိသည်။ ညီအစ်မ နှစ်ယောက် သွားဖို့ရာ စီစဉ်ပြီးပြီဟုယူဆလိုက်သည်။ ဝေေ၀ကိုခေါ်မသွားအောင်တားရမည့်နည်းမှာ ဝေေ၀နှင့် တွေ့မှဖြစ်မည်ဟု စဉ်းစားစိုက်ကြည့်နေ၏။

မုန်း၍မဟူ(ဂျာနယ်ကျော် မမလေး)

ယမန်နေ့မှအဆက်

မုန်း၍မဟူ(ဂျာနယ်ကျော် မမလေး)

ဝေေ၀နှင့်ဦးဘိုးသိန်းမှာ ဦးစောဟန်ကိုင်မည့်ဇွန်းကို စောင့်ကြည့်နေစဉ် ကိုနေဦးသည် စွပ်ပြုတ်သောက်မည့် ဇွန်းဝိုင်းဝိုင်းကို ကောက်မယူဘဲထမင်းစားဇွန်းရိုးရိုးကို ကောက်ယူလိုက်သည်။ဝေေ၀သည် ဦးစောဟန်ကဲ့သို့ ဇွန်းဝိုင်းဝိုင်းကိုကောက်ယူကာ “အစ်ကိုကြီး မှားနေပြီ” ဟု မျက်နှာအမ်းအမ်းနှင့်လှမ်းကြည့်လိုက်သည်။ကိုနေဦးက သူ့အမှားကိုသူ သတိပြုမပြုတော့ မသိ။ မှားမှားမှန်မှန် အရေးမစိုက်ဟန်နှင့်ခပ်သောက်နေခြင်းကို တွေ့မြင်ရလေသည်။