အခန်းဆက်ဝတ္ထုရှည်

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဦးစောဟန်သည် အခြေပျက်နေသော ဝေေ၀၏အကြည့်ကို စိုက်ကာ ထိတ်လန့်ပူပန်မိသည်။ ညီအစ်မ နှစ်ယောက် သွားဖို့ရာ စီစဉ်ပြီးပြီဟုယူဆလိုက်သည်။ ဝေေ၀ကိုခေါ်မသွားအောင်တားရမည့်နည်းမှာ ဝေေ၀နှင့် တွေ့မှဖြစ်မည်ဟု စဉ်းစားစိုက်ကြည့်နေ၏။

မုန်း၍မဟူ(ဂျာနယ်ကျော် မမလေး)

ယမန်နေ့မှအဆက်

မုန်း၍မဟူ(ဂျာနယ်ကျော် မမလေး)

ဝေေ၀နှင့်ဦးဘိုးသိန်းမှာ ဦးစောဟန်ကိုင်မည့်ဇွန်းကို စောင့်ကြည့်နေစဉ် ကိုနေဦးသည် စွပ်ပြုတ်သောက်မည့် ဇွန်းဝိုင်းဝိုင်းကို ကောက်မယူဘဲထမင်းစားဇွန်းရိုးရိုးကို ကောက်ယူလိုက်သည်။ဝေေ၀သည် ဦးစောဟန်ကဲ့သို့ ဇွန်းဝိုင်းဝိုင်းကိုကောက်ယူကာ “အစ်ကိုကြီး မှားနေပြီ” ဟု မျက်နှာအမ်းအမ်းနှင့်လှမ်းကြည့်လိုက်သည်။ကိုနေဦးက သူ့အမှားကိုသူ သတိပြုမပြုတော့ မသိ။ မှားမှားမှန်မှန် အရေးမစိုက်ဟန်နှင့်ခပ်သောက်နေခြင်းကို တွေ့မြင်ရလေသည်။

မုန်း၍မဟူ၊ဂျာနယ်ကျော်မမလေး ယမန်နေ့မှအဆက်

မုန်း၍မဟူ(ဂျာနယ်ကျော်မမလေး)

ယမန်နေ့မှအဆက်

ဦးဘိုးသိန်းထိုင်သော ကြိမ်ပက်လက်ကုလားထိုင်ကြီးကို နှစ်ယောက်မလျက် ခေါင်းရင်းဘက်၌ ချကြည့်လိုက် သည်။ အနေအထားကို သဘောမကျ၍ ခေါင်းရင်းထောင့်သို့ ပို့လိုက်ပြန်သည်။စိတ်တိုင်းမကျပြန်၍ အရင်နေရာ အတိုင်းအလယ်ခန်းကို ကာခြားထားသော ခန်းဆီးရှေ့သို့ ပြန်မရွှေ့ချထားရလေသည်။ စာရေးစားပွဲခုံမှာ ကုလားထိုင်ကြီးကဲ့သို့ပင် ချာလည်လည်နေပြီးမှ ခြေရင်းဘက်ထောင့်နားသို့ ရောက်သွားလေသည်။ ခုံတန်း လျားကြီးကို ကြည့်မရပေ။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ခုတော့ စခန်းမှာ အစောင့်အကြပ်နည်းနေတာကိုသူတို့သိသွားတယ်ထင်တယ် ဆရာကြီး။ ဘာပဲဖြစ်ဖြစ် ဒီတံတားအပျက်မခံနိုင်ဘူး။

ကျွန်တော်တို့ဘယ်လောက် ခက်ခက်ခဲခဲတည်ဆောက်ထားခဲ့ရသလဲ။ အလုပ်သမားတွေကလည်း အရင်က ပေါ့ပေါ့တွေးခဲ့တာ။ အခုမှအရေးကြီးမှန်း နားလည်လာကြတယ်ဆရာကြီး” ဟုတ်သည်။ အလုပ်သမားများ သည် တံတားပေါ်တွင်ရက်မကြီးများ တင်ပြီးကတည်းက အားအတက်ကြီးတက်လာခဲ့ကြသည်။ သူတို့၏ တည်ဆောက်မှုအကောင်အထည်ပေါ်လာသည်ကို မြင်လာရသည့်အခါ တံတားအပေါ် ပို၍သံယောဇဉ်ကြီး လာကြသည်။