ငယ်ဘဝ
ယမန်နေ့မှအဆက်
အမေကြီးပြောလေ့ရှိသော စကားဖြစ်သည်။ ကျွန်တော်တို့တောရွာတွင် ညပိုင်းကျမှ မမျှော်လင့်ဘဲ ဧည့်သည်လာလျှင် ထမင်းဟင်းပြန်ချက်ရသည် မရှိပါ။ ကျွေးလောက်အောင် ကျန်ပါသည်။ ကိုယ့်အိမ်မှာ ပြည့်ပြည့်စုံစုံ မကျန်လျှင် ဟိုအိမ်သည်အိမ် လိုက်တောင်းပါက ကျွေးနိုင်အောင်ရပါသည်။ ထိုအတွက် သန့်သန့်ရှင်းရှင်းချန်ရန် အမေကြီးက ပြောခြင်းဖြစ်သည်။
စောင်သည်ဆိုသည်မှာ ကျေးတောရွာများမှ ချည်စောင်များ လာရောင်းသူများဖြစ်သည်။ သူတို့မှာ ထမင်းချက်စားရန် အိုးခွက်မပါ။ ရွာမှဝယ်စားရန်လည်း ဆိုင်မရှိ။
''ထမင်းကျန် ဟင်းကျန်ရှိရင်ပေးကြပါ...''
