အခန်းဆက်ဝတ္ထုရှည်

ငယ်ဘဝ

ယမန်နေ့မှအဆက်

 စစ်ကာလအတွင်းမှာ လေယာဉ်များ ဗုံးကြဲနေသည်။ စက်သေနတ်ဖြင့် မည်းမည်းမြင်ရာ ပစ်နေသည်။ မြေပြင်မှာလည်း ဂျပန်တပ်များနှင့် အင်္ဂလိပ်တပ်များ ပစ်ခတ်တိုက်ခိုက်နေကြသည်။ ဂျပန်တို့ကလည်း ယောကျ်ားတွေ့သမျှ ချွေးတပ်ဆွဲနေကြသည်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသကဲ့သို့ လူဆိုးဓားပြတွေကလည်း နေရာတိုင်းမှာ အခွင့်သာသလို သောင်းကျန်းနေကြသည်။

ရွာမှာကျန်ရစ်သူ မိသားစုများသည် ပြန်လာမည့် ရက်ကိုစိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြရ၏။ ဆရာကြီးရော ကိုချစ်စိန်ပါ ကံကောင်းထောက်မစွာ ဘေးမသီရန်မခ မိသားစုများရှိရာ ရွာသို့  ပြန်ရောက်လာကြသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ကျေးလက်တောရွာ သဘာဝနှင့်   ဆိုလျှင်တော့ ကြီးကျယ်ခမ်းနားသော   မင်္ဂလာဆောင်ဖြစ်ပါ၏။

သတို့သားနှင့်သတို့သမီး နှစ်ဖက်မိဘဦးကြီး၊ ဦးလေး၊ဒေါ်ကြီး၊ ဒေါ်လေးတို့ကို ကန်တော့ကြသည်။ နှစ်ဖက်မိဘ လူကြီးဆွေမျိုးသားချင်း လက်ရင်းများက ကန်တော့ဆုပေးကြသည်။  အခုမှ အကြီးစား လက်ဖွဲ့ခြင်းများပြုကြသည်။

နေနဲ့လရွှေနဲ့မြ လိုက်ဖက်တင့်တယ်သော မင်္ဂလာပွဲကြီး စည်ကားတင့်တယ်စွာ ပြီးမြောက်သွားလေပြီ။

ညနေပိုင်းသို့ရောက်သောအခါ လင်နောက်ဆံထုံးပါမြဲ ထုံးအတိုင်း မစောရှင်သည် မောင်ချစ်စိန်နေထိုင်ရာ ထန်းတောရွာသို့ လိုက်ပါသွားရသည်။

ထန်းတောရွာ

ငယ်ဘဝ

ဘဝဆိုသည်မှာ

လူတိုင်း၏ ဘဝကို သုံးပိုင်းခွဲကြည့်လျှင် ငယ်ရွယ်စဉ် ပညာသင်ချိန်ကို ပထမအရွယ်ဟူ၍ လည်းကောင်း၊ လူကြီးအဖြစ် အလုပ်လုပ်ဥစ္စာရှာသည့် ကာလကို ဒုတိယအရွယ်ဟူ၍ လည်းကောင်း၊ အိုမင်းမစွမ်းသည့် ဇရာအရွယ်  တရားဘာဝနာပွားများသည့် ကာလကို တတိယအရွယ်ဟူ၍ လည်းကောင်း သတ်မှတ်ထားကြသည်။

မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

''ပြီးတော့လည်းဖေဖေ၊ သမီးလေ အရင်တုန်းကလို မတုန်လှုပ်တော့ဘူး။ ဟိုတုန်းကတော့ တစ်ယောက်က ဒါတဲ့ဆိုရင် သမီးစိတ်လှုပ်ရှားတယ်။ နောက်တစ်ယောက်က ဟိုဟာလို့ဆိုပြန်ရင် စိတ်ထိခိုက်တယ်။ တစ်ခါ တခြားတစ်ယောက်က ဒီဟာလို့ဆိုရင် ဖေဖေကြောင့်၊ မေမေကြောင့် အဲလိုအပြစ်ပုံချင်တယ်။ အခုဒီလိုမဟုတ်တော့ဘူး ဖေဖေ၊ ဘယ်သူကဘာပြောပြော စိတ်မလှုပ်ရှားရအောင် ကြိုးစားပြီး ဘယ်သူ့ကိုမှလည်း အပြစ်မဖို့တော့ပါဘူး ဖေဖေ။ အတင်းပြောရအောင် လာတဲ့လူကို သမီးပိတ်ပြော ပစ်လိုက်တယ်။ အဲဒီလိုပြောရမလား ဆိုပြီး သူတို့ အတင်းပြောချင်လည်း ပြောပေစေတော့။သမီးဂရုမထားတော့ဘူး''

မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

“ဒယ်ဒီ”

ကျော်ကျော်က ဝမ်းသာအားရ ပြေးဖက်သည်။

“သား”

ကိုသန်းနိုင်က ကျော်ကျော်အား ဆီးပွေ့ထား၏။

“ခင်ဗျားတို့ ကြိုက်တဲ့နေရာမှာ ထိုင်နိုင်ပါတယ်”

ရဲမင်းကြီးက ခွင့်ပြုသဖြင့် ကိုသန်းနိုင်သည် ပန်းနှင့်ကျော်ကျော်ကြားတွင် မမြသွေးသည် ကိုချစ်သောင်းဘေးတွင် ထိုင်ကြ၏။

“ဒယ်ဒီ ဝလာတယ်နော်”

“အနားယူရတာကိုး သားရဲ့”

သို့စဉ် ရဲမင်းကြီးက စတင်စကားပြော၏။

မြစ်တို့၏ သဘော

ယမန်နေ့မှအဆက်

''ဘယ်သူမှမသိပါဘူးအန်တီရယ်။  ပန်းတို့ဆိုတာ ကတော့ ဒီဘက်နားပေါက်ကဝင်လာတာကို ဟိုဘက် နားပေါက် က ထုတ်ပစ်လိုက်ပါပြီ။ ဒီတော့ စိတ်အေး လက်အေးနဲ့သာ အန်ကယ့်ကိုလက်ထပ်လိုက်ပါ'' ''အန်ကယ် ကန့်ကွက် တယ် ပန်း။ အထူးသဖြင့် လက်ထပ်ဖို့ကို ကန့်ကွက်တယ်''

ကိုချစ်သောင်းက အေးဆေးတည်ငြိမ်စွာပြော၏။ ''ဘာလဲ၊ အန်ကယ်က သစ္စာဖောက်သွားပြီဆိုပါ တော့''

မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

''ဟုတ်ပါတယ်လေ၊ နောင်ခါလာနောင်ခါဈေးပဲ ထားလိုက်တာ ကောင်းပါတယ်ရှင်။ ဒီလိုပါ မခင်ရီရယ်၊ ကျွန်မဟာ မောင်ကြီး ကိုချစ်သောင်းရဲ့ငယ်ချစ်ဆိုတာ မခင်ရီတို့လည်း သိပြီးဖြစ်ပါလိမ့်မယ်''

မမြသွေးသည် မိဘပေးစားသော ကျောက်ကုန်သည် ဘုတလင်သား ကိုတင်မြင့်၊ ပုကွကွ ပါးစပ်ပြဲပြဲကို မချစ်ခဲ့ပေ။ ကြင်နာမြတ်နိုးခြင်းတို့ ခန်းခြောက်၍ မုန်းတီးတာ၊ အာဃာတပြင်းမှုတွေသာ စီရီပွားဆင့်ရင်း ဂျပန်ခေတ်သို့တိုင်ခဲ့ကာ  မမြသွေး၏ လင်  ကိုတင်မြင့်မှာ မန္တလေးမှ ပွဲကတော်သားအမိနှင့် ထွက်ပြေးသည်။

မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

''ဒီမယ်ပန်းရဲ့၊ ဒီအဖေရဲ့သမီးဖြစ်ရတာ ဂုဏ်ယူစမ်းပါ။ ဒီအဖေ ဘာပဲလုပ်လုပ် ရိုက်ခတ်လာတဲ့ ဂယက်ကို ရဲရဲဝံ့ဝံ့ခံယူဖို့၊ ရင်ဆိုင်ဖို့ကြိုးစားစမ်းပါကွယ်။ ဒီအဖေဟာဘယ်လောက်ချစ်ဖို့ ကောင်းသလဲဟင်။ ဒီအဖေဟာ ဘယ်လောက်လေးစားစရာ ကောင်းသလဲပန်းရယ်။

ဒီအဖေမျိုးရဲ့သမီးအဖြစ် သူတစ်ပါး တံတွေးထွေးကြတာကို ဂုဏ်ယူပြီး ခံယူစမ်းပါကွယ်''

''အရီတော့  ကိုယ့်လင်မို့ပြောတာ မဟုတ်ပါဘူး ဦးချစ်သောင်း။ သူဟာ သမီးအပေါ် ဘယ်လောက် ချစ်တယ်ဆိုတာ ဖြစ်တဲ့နည်းနဲ့ ပြသွားတာမို့ သနားလည်း သနားတယ်၊ မုန်းလည်း မမုန်းနိုင်တော့ဘူး''