Submitted by mwd_webportal on Fri, 10/08/2021 - 11:36
ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၆)
ယမန်နေ့မှအဆက်
မြစ်ငယ်အရပ်က တောင်သမန်အရောက် တူးဖောက် ထားသော လက်ခုပ်ပင် ပေါက်တူးမြောင်း၊ ဇောင်းကလောကန်တော်၊ အောင်ပင်လယ်ကန်တော်၊ နန္ဒာ ကန်တော်တို ပျက်စီးယိုယွင်းရှိသည်များကို ထပ်မံဆည်ဖို လုပ်ဆောင်ကုသိုလ်ပြု သည်။ (မိမိပိုင် ငွေတော်ဖြင့် ထုတ်ပေးကုသိုလ်ပြုခြင်းဖြစ်သည်။) အလားတူပင် တောင်ဘက် ကိုးခရိုင်အတွင်းရှိ တောင်သူလယ်သမားတိုအကျိုးအတွက် ဆည်တော်၊ မြောင်းတော် ပျက်စီးယိုယွင်းသမျှတိုကိုလည်း အသစ်တစ်ဖန် ဆည်ဖိုလုပ်ဆောင် လှူဒါန်းသည်။
|
Submitted by admin_webportal on Tue, 10/05/2021 - 10:19
ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး
ယမန်နေ့မှအဆက်
အမှတ်စဉ်(၅)
|
Submitted by admin_webportal on Mon, 10/04/2021 - 11:27
အမှတ်စဉ်(၄)
ယမန်နေ့မှအဆက်
ပုဂံမင်းအိမ်ရှေ့အရာလွှဲအပ်ပြီးနောက် လေးလမျှကြာသောအခါ သက္ကရာဇ် ၁၂၀၈ ခု သို့ရောက်ခဲ့သည်။ မင်းဧကရာဇ်တို့၏ နှစ်စဉ် လှူဒါန်းမြဲဖြစ်သော ဆယ့်နှစ်ရာသီအလှူပွဲတို့၌ အတာသဘင်နှင့်စပ်ဆိုင်ရာ အလှူပွဲကြီးများကိုလည်း မပျက်မကွက်စေရဘဲ ဆင်နွှဲ ကျင်းပခဲ့သည်။
|
Submitted by admin_webportal on Sun, 10/03/2021 - 10:20
ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး
အမှတ်စဉ်(၃)
ယမန်နေ့မှအဆက်
|
Submitted by admin_webportal on Sat, 10/02/2021 - 11:53
ယမန်နေ့မှအဆက်
အမှတ်စဉ်(၂)
ဤကြိုးဘွဲ့သည် အမရပူရမြို့ကြီး စည်ကားကြီးကျယ်စဉ်အခါက ရှုခင်းတစ်ပုဒ်ကိုဂီတပန်းချီနှင့် ရေးခြယ်စီကုံးထားခဲ့ခြင်းဖြစ်သည်။
ဇောင်းကလောအင်းကြီးအတွက်လည်း သာယာခံ့ထည်ခဲ့ပုံကို ဇောင်းကလောပြွန်ရေဆင်းကြိုးဟူ၍ ကြိုးဘွဲ့တစ်ရပ်စီကုံးစပ်ဆို ပန်းချီခြယ်ပြထားခဲ့ပေသေးသည်။ ထိုကြိုးဘွဲ့ကို လေ့လာဖတ်ရှုခြင်းအားဖြင့်လည်း ဇောင်းကလောအင်းကြီး၏ ကြီးကျယ်နက် ရှိုင်းခဲ့ပုံနှင့် ကန်ရေဆင်းပြွန်ကပင် မည်မျှသာမောဖွယ်ဖြစ်ခဲ့ကြောင်းတို့ကို ထင်မြင်ချင့်ဆနိုင်လေသည်။
|
Submitted by admin_webportal on Fri, 10/01/2021 - 10:36
ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး
အမှတ်စဉ်(၁)
မင်းတို့စကား မိုးကြိုးသွားသာယာဝတီမင်းခေါ် ရွှေဘိုမင်းတရားကြီးသည် အနောက်နန်းမိဖုရားမမြကလေးကို ရာဇဝတ်ပြစ်ဒဏ် ပေးပြီးနောက် စိတ်တော်များ ပိုမိုဖောက်ပြန်လာသောအချိန်အခါဖြစ်ပါသည်။
“မင်း”တို့စကား မိုးကြိုးသွား၊ ထွက်ပြီးသော ဆင်စွယ်ဝင်တယ်လို့ မရှိစကောင်းသောဓမ္မတာအတိုင်း ရွှေဘိုမင်းတရားမှာမင်းတို့၏ လက္ခဏာအင်္ဂါရပ်အတိုင်းသာရပ်တည်ရမည်ဖြစ်ပါသည်။
|
Submitted by admin_webportal on Thu, 09/30/2021 - 11:48
အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သောချန်ပီယံ ဗိုလ်ချုပ်ကြီးထွန်းရီ
ယမန်နေ့မှအဆက်
ဒေါ်လှကြင်က သူ့ဆရာဝန်တွေနှင့် တိုးတိုးတိုးတိုး ပြော၊ စာရွက်တွေကြည့် အလုပ်ရှုပ်နေသည်။
ညက သွေးပေါင်ချိန်တွေ ကျကျသွားတယ်။ အခု SCAN ရိုက်ကြည့်မယ်။ SCAN ရိုက်ရင်တော့ သိရ မှာပါ။ “နည်းနည်းတော့ စိုးရိမ်ရတယ်” ဟု ပြောသည်။
သားသမီးတွေကို ကျွန်တော်က ဦးဆောင်နေရသည်။
|
Submitted by admin_webportal on Wed, 09/29/2021 - 11:41
အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သောချန်ပီယံ ဗိုလ်ချုပ်ကြီးထွန်းရီ
ယမန်နေ့မှအဆက်
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ သမ္ဘာရင့်ဝါရင့်ပုဂ္ဂိုလ်အဖြစ် ပါတီမှာဦးဆောင်ပေးပါ။ နေ့စဉ်လုပ်ငန်းတွေကို ဗဟိုအလုပ် အမှုဆောင်တွေက တာဝန်ယူလုပ်ကြပါမည်ဟု ဝိုင်းပြောကြသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဌာနချုပ်ရုံးနှင့် အိမ်ကလည်း အနီးကလေးဖြစ်သည်။
နံနက် ၉ နာရီရုံးရောက်သည်။
၁၂ နာရီ အိမ်ပြန်သည်။
|
Submitted by admin_webportal on Tue, 09/28/2021 - 09:50
အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သောချန်ပီယံ ဗိုလ်ချုပ်ကြီးထွန်းရီ
ယမန်နေ့မှအဆက်
သူသည် ဂေါက်သီးကစားရာမှာ ရာထူးကို မရွေး၊လက်ရည်ကို ရွေးသူဖြစ်သည်။
တပ်မတော်ထဲမှာရှိစဉ်က ဗိုလ်ချုပ်ကြီးကျော်ထင်တို့ ဗိုလ်ချုပ်ကြီးအေးကိုတို့လို ရာထူးကြီးသူတွေနှင့်ကစားလေ့မရှိ။ ဂေါက်သီးကို Social Game အဖြစ်သဘောမထား၊ Sports ဟု သဘောထားရမည်ဟု အမြဲပြောသည်။
ဆရာတပည့် နှစ်ယောက်လုံး အငြိမ်းစားဖြစ်ကြချိန်မှာ သူက ပါတီတာဝန်နှင့် ရုံးတက်ရသေးသည်။
|
Submitted by admin_webportal on Mon, 09/27/2021 - 12:01
အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သောချန်ပီယံ ဗိုလ်ချုပ်ကြီးထွန်းရီ
ယမန်နေ့မှအဆက်
စိတ်ဆိုးပြေစေဖို့ မသက်ဆွေဖုတ်ပေးသော အမဲခြောက်ဖုတ်လေးတစ်ပန်းကန်နှင့် အာမီရမ်လေး တစ်ယောက်တစ်ပက်စီနှင့် ဆရာ သမားကြီး စိတ်ဆိုးပြေဖို့ဖြေခဲ့ရပုံလည်း ယနေ့တိုင်မှတ်မိနေပါသေးသည်။
ထို့ကြောင့် ...ထို့ကြောင့်
|
|
|