အခန်းဆက်ဝတ္ထုရှည်

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

“ခင်ဗျားတို့ ဘယ်လောက်လိုချင်တာလဲ”

“နှစ်လစာ၊ သုံးလစာပေါ့ဗျာ”

“စပါးရတော့ရော ဒီမှာရှိတဲ့ဆန်စက်က ခွဲပေးနိုင်မှာ မဟုတ်ဘူး။ အစိုးရစပါးတွေတောင် မကြိတ်ရသေးတာ အများကြီးကျန်သေးတယ်။ စိမ့်မြိုင်ကိုသွားပြီးကြိတ်ရလိမ့်မယ်”

“ဒီအထိတော့ ဒုက္ခခံနိုင်မယ်မဟုတ်ဘူး ဗိုလ်ကြီး ဇော်သန်း”

“ပင်လယ်ဘက်ကရွာတွေမှာ သွားပြီးဝယ်မယ်ဆိုရင်တော့ စပါးရနိုင်သေးတယ်။ အဲ တစ်ခုတော့ရှိတယ်။ သူတို့ဆီမှာပဲ မောင်းထောင်း၊ ကြိတ်ထိုးလုပ်ခိုင်းနိုင်တယ်”

အရေးကြီးပြီ သွေးစည်းကြစို့ (၁၉၇၁ခုနှစ်၊ အမျိုးသားစာပေဆုရ ၀တ္ထုရှည်)

ယမန်နေ့မှအဆက်

''အိုကွာ အဲဒီအခါကျတော့ မီးစက်ခုတ်ခိုင်းရမှာပေါ့။ ည ဗိုက်နာတယ်ဆိုရင် ငါ့ပြော။ အဲဒီ တစ်ညလုံး မီးစက် ခုတ်ခိုင်းမယ်။   ပူစရာမရှိ  ပူနေလိုက်တာ ကြာညွန့်ရာ'' ကြာညွန့်သည် လက်သမားဖြစ်သည်။ အနှိပ်လည်း ကောင်းသည်။ လက်သန်သည်။ ''ဟောဒါက ပထဝီ ကြောဆရာ'' ဟုပြောကာ ခြေဖနောင့်ကြောကိုဆွဲ လိုက်လျှင် ပေါင်တစ်ခုလုံး ပါသွားသည်။ ခေါင်းခဲလျှင်၊ ဇက်ကြောထိုးလျှင် ကြာညွန့်ကိုခေါ်ရသည်။ စခန်း လိုက်လာသည့် အခါကသူ့မိန်းမ ကိုယ်ဝန်ရှိစဖြစ်သည်။

ဟိုကျမွေးတာပေါ့ကွာ။ စင်ရော်ဆေးရုံငါပို့ပေးပါမယ်ဟု သောင်းဒန်တာဝန်ခံကာ ဇွတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

“ဦးခင် ဘယ်မှမသွားနဲ့။ ကျွန်တော် ရေပြာဆောင်ဘက်ဆင်းမလို့”

ထိုခဏတွင် တောင်ကုန်းနှင့် ဝါးနှစ်ရိုက်လောက်အကွာ ကွမ်းသီးခြံထိပ်၌ မီးကျည်တစ်ခု လင်းနေသည်ကို တွေ့လိုက်ရသည်။ သေနတ်သံတို့ကား မစဲသေး။ ရန်သူကို အသေအချာမြင်ရအောင် မီးကျည်ပစ်ဖောက် ခြင်းဖြစ်ဟန်တူသည်။ မီးကျည်သည် လေထီးတွင် တွဲလဲခိုကာ တအိအိဆင်းလာပြီးလျှင် ကွမ်းသီးခြံထိပ်၌ ထိန်လင်းနေသည်။ ထိုအလင်းရောင်သည် စခန်းကို ရောင်ပြန်ဟပ်သည်။ ထိုအခါ စောစောက တဲတန်းလျား ဘေးတွင် ဝပ်နေကြသူတို့သည် တန်းလျားအောက်သို့ တွားဝင်ကြသည်။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

အခု လူတိုင်းကို အချိုးကျနို့ဆီနဲ့ သကြားထုတ်ပေးနေတယ်။ သောက်တဲ့လူက သောက်တယ်။ကလေးတိုက်တဲ့သူက   တိုက်တယ်။ ရောင်းစားတဲ့သူက ရောင်းစားတယ်။ ဒါတွေကို မင်းတို့ ထုတ်မပေးတော့ဘူး။ တို့ ကင်တင်းဆိုင်တစ်ခုဖွင့်မယ်။ လက်ဖက်ရည်၊ကော်ဖီ၊ ဆေးလိပ်ရောင်းမယ်။ ကော်ဖီသောက်ချင်ရင် အိမ်မှာမသောက်နဲ့၊ ဆိုင်မှာသောက်။ တစ်ခွက်တစ်မတ်။

အခု ဒေါ်ညွန့်ကော်ဖီဆိုင်လည်း မရှိတော့ဘူး''

''ဟုတ်တယ် ဆရာကြီး၊ ဒါ ကောင်းတယ်ဆရာကြီး''

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

သူ့တပည့်ကျော် ထမင်းချက်ကား စံဖေဖြစ်လေသည်။ ကျော်ဆွေက ရန်ကုန်မှထည့်လွှတ်လိုက်သူဖြစ်သည်။ စံဖေသည်အညာ ကျောက်ပန်းတောင်း ကျေးလက်မှဖြစ်ရာ အညာကျေးတောဟင်း အချက်ကောင်းလှသည်။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

 သောင်းဒန်၊ စောသာအေး၊ လှမင်းတို့ တကုန်းကုန်းတွက်ကြရသည်။ ဦးဆောင်သူမှာကား သောင်းဒန်ပင်ဖြစ်သည်။

''မသိရင် မေးကြ။  ငါပြတာကို သေသေချာချာ မှတ်ထား။ ငါလည်း ဒီလိုပဲ ပညာသင်ခဲ့ရတာပဲ။ ရွှေပြည်ကြီး တံတားတုန်းက ဦးလှစိုးဆီက ပညာတွေကို မေးမြန်းပြီးရလိုက်တာပဲ။   ဦးလှစိုးဆိုတာက  အမ်အက်စီအင်ဂျင်နီယာ။ ဂဏန်းတွက်တာလည်း တော်တယ်။

ဦးနှောက်ကလည်း ထက်တယ်''

''အခု အဲဒီ ဦးလှစိုးဘယ်ရောက်နေသလဲ''

''နိုင်ငံခြားသွားပြီး အလုပ်လုပ်နေတယ်''

''နှမြောစရာကောင်းလိုက်တာ  ဆရာကြီးရယ်''