အခန်းဆက်ဝတ္ထုရှည်

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    သစ်ကြီးဝါးကြီးတို့စိုးမိုးရာ ရိုးမတောင်ကြီးမှာ ပုံမှန်မှိုင်းပျစွာနှင့် ထီးထီးတည်လျက်သာ။

“ကိုထွန်းငြိမ်းရယ်၊ ဟိုလယ်ကွင်းထဲမှာ နွားတွေ၊ လူတွေနဲ့ ရုတ်ရုတ်သဲသဲ ဘာတွေလဲဗျ”

မန်းချောင်းဘေးနားရှိ လယ်ကွင်းထဲမှ နွားဝိုင်းသမားများကို လက်ညှိုးထိုးပြ၍ ကိုရဲမြင့်ကမေး၏။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

“နို့ မင်းနဲ့ပါလာတဲ့ ဒီကဧည့်သည်က ရဲဘော်ဖြူဗိုလ်ကြီး မဟုတ်လား”

“ဟား ဟား ဟား၊ ဦးဘအေးကလည်း ဗျာ၊ ဘယ်က ရဲဘော်ဖြူဗိုလ်ကြီးဟုတ်ရ မှာလဲ၊ ဒါက ကျွန်တော့်သူငယ်ချင်း ကိုရဲ မြင့်ဗျ။ မြို့ကလိုက်လာတာ၊ ခင်ဗျားတို့ ရှားစေးချက်တာ မမြင်ဖူးလို့ ပြရအောင် ခေါ်လာတာဗျ”

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    ကိုထွန်းငြိမ်းနှင့် ကိုရဲမြင့်တို့သည် တသွင်သွင်စီးဆင်းနေသော မန်းချောင်းအတိုင်း ချောင်းဖျားဘက်သို့ တက်လာကြသည်။

မန်းချောင်း၏ရေအလျဉ်မှာ စိမ်းမြကြည်လင်နေ၏။ ဘေးနှစ်ဖက်ရှိ သဲသောင်ပေါ်များတွင် ဒေသခံရွာသူတို့၏ လက်ယက်တွင်းများကိုလည်း ခုန်ကျော်လွှား၍ သွားကြရသည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

 

“ကဲ ကိုရဲမြင့် ကျွန်တော်တို့ ခဏဝင်ကြရအောင်ဗျာ။ မဝင်လို့ ဘယ်လိုမှရမှာမဟုတ်ဘူး။ ဒီကောင်တွေ က သူငယ်ချင်းတွေဆိုတော့ အတင်းဝိုင်းဆွဲကြမှာ”

ခင်ဗျားသဘောပဲ၊ ကောင်းပါတယ် ခင်ဗျားတို့ဆီ က ထန်းရည်လည်း မြည်းကြရတာပေါ့”

ဒီလိုနှင့်ပင်   ကိုထွန်းငြိမ်းနှင့်  ကိုရဲမြင့်တို့သည် ဘရွှေရောက် ထန်းတောထဲက   ထန်းရည်ဆိုင်တွင် သူငယ်ချင်းမိတ်ဆွေတွေနှင့် ဆုံမိကြ သောက်မိကြပြန်သည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

 

    ကိုထွန်းငြိမ်းတို့အဖေ ဦးထွန်းခိုင်မှာ ညီဝမ်းကွဲတော်သော ဦးစံဘော်တို့ လင်မယားအား ကိုထွန်းငြိမ်းအမေ ဆုံးပါးသွားခဲ့စဉ်ကပင် အိမ်ပေါ်ခေါ်တင်ပြီး လယ်ယာ ကိုင်းကျွန်းများကို အပ်နှံထားသည်ဟု သိရသည်။

ကိုထွန်းငြိမ်း၊  ကိုထွန်းလင်းတို့  ညီအစ်ကိုသည် ဤအဒေါ် ဦးလေးတို့၏ လက်ပေါ်တွင်  ကြီးပြင်းလာကြ သူတွေမို့ ဦးစံဘော်တို့ လင်မယားမှာ သူတို့ညီအစ်ကိုအား သားအရင်းတမျှ ချစ်ခင်ရှာလေသည်။

ဝမ်းရေးထက်ပင်ခက်ပါသည်

ဝမ်းရေးထက်ပင်ခက်ပါသည်

ယမန်နေ့မှအဆက်

 

“ကိုရဲမြင့် ငေးလှချေလား၊ ပျင်းနေပြီနဲ့တူတယ် ဟုတ်လား”

အိမ်ရှေ့ဝရန်တာပေါ်တွင်ထိုင်ကာ ရိုးမတောင်ခြေဘက် ငေးကြည့် နေသော ကိုရဲမြင့်အား အိမ်အောက်ထပ်မှတက်လာသူ ကိုထွန်းငြိမ်းက လှမ်းမေးလိုက်သည်။

“ပျင်းတော့ မပျင်းပါဘူးဗျာ”

“ပျင်းတော့ မပျင်းပါဘူးဗျာဆိုတော့ ဘာကိုတွေးနေတာလဲ၊ ပျင်းချင် နေပြီဆိုတဲ့သဘောလား”

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

 

“ကဲ ကိုရဲမြင့်၊ ကော်ဖီသောက်လိုက်ပါဦး”

တင်တင်မြိုင်သည် ကော်ဖီနှစ်ခွက်ကို ကိုင်ပြီး ဧည့်ခန်းသို့ ပြန်ထွက်လာကာ တစ်ခွက်ကို ကိုရဲမြင့်ရှေ့ချပြီး ကျန်တစ်ခွက်ကို ကိုထွန်းငြိမ်းရှေ့ချလိုက်သည်။

“ငါ့အတွက်ရော မပါဘူးလား”

“မပါဘူး၊ သူက ကော်ဖီသောက်တတ်လို့လား”

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    ဆောင်းနှောင်းပိုင်းက တက္ကသိုလ်ကျောင်းသားကြီးများ သုံးခါကျစနစ်ကို   တိုက်ဖျက်ပစ်ရန်   သက်ဆိုင်ရာ အာဏာပိုင်များအား အတိုက်အခံ လုပ်မှုနှင့် ယခုအခါ အဖမ်းခံထားရသည်ဟု သိရသည်။

သူနှင့် ကိုထွန်းငြိမ်း၊ ကိုထွန်းလင်း၊ တင်တင်မြိုင် တို့နှင့် ခင်မင်သွားကြသည်မှာ ဤသို့ဖြစ်သည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

 

    တင်တင်မြိုင်၏ အမေးကို ကိုထွန်းလင်း က   ဘုတောသလိုပြောပြီး   သူ၏အင်္ကျီ ရင်ဘတ်မှ ကြယ်သီးတွေကိုဖြုတ်ကာ ပူအိုက်သဖြင့် လေတဖျပ်ဖျပ် လှုပ်ခတ်နေ လိုက်သည်။

“မလိုရင်နေ၊ ပြောလိုက်ရင် ဒီလိုချည်းပဲ၊ စာမေးပွဲကျပါစေလို့ ဆုတောင်းပါတယ်။ အဲဒီအခါမှ သူ့ခမျာ ငိုမဲ့ငိုမဲ့ဖြစ်မှာမြင်သေး”

တစ်ခါမှ သူနှင့်စကားပြောမတည့်သော ကိုထွန်းလင်းကို တင်တင်မြိုင်က နှုတ်ခမ်းစူ၍ ပြောလိုက်၏။

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

 

    သို့သော် မန်းချောင်းထဲ ရေခပ်ရန် ရွာမှ ဆင်းလာသော အမျိုးသမီးကြီး တစ်ယောက်ကို လှမ်းမြင်လိုက်ရသဖြင့် နှစ်ယောက်စလုံး ကိုယ်ရှိန် သတ်လိုက်ကြရသည်။

ထိုနေ့က ကိုထွန်းငြိမ်းသည် ရေချိုး ထမင်းစားပြီးသည်နှင့် တစ်ပြိုင်နက် မခင်မှီကို ရွာရိုးကိုးပေါက် လျှောက်ရှာတော့သည်။