×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂသို့ တင်သွင်းမည်

Tuesday, 15 August 2017 14:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၄

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ကမ္ဘာ့ ကုလသမဂ္ဂသို့ တင်သွင်းမည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ယခုနှစ် ဒီဇင်ဘာလတွင် တင်သွင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ  ဦးအောင်ကိုမြင့် ထံမှ သိရသည်။

ကမ္ဘာ့ ကုလသမဂ္ဂ၏ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးပြီး ဖြစ်၍ နိုင်ငံတော်အဆင့် အစီရင်ခံစာ တင်သွင်းပြီး ဖြစ်သော်လည်း မသန်စွမ်းသူများ ဘက်မှ တင်သွင်းမည့် အစီရင်ခံစာကို ပြုစုနေဆဲ ဖြစ်ကြောင်း သိရသည်။

''တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မသန်စွမ်းသူတွေကို ဖိတ်ခေါ်ပြီး အချောသပ် ရေးဆွဲနေတယ်။ တစ်နိုင်ငံလုံးက ကိုယ်စားလှယ်တွေကို ဖိတ်ပြီး အချောသပ် တောင်းဆို ပါမယ်'' ဟု ဦးအောင်ကိုမြင့်က ပြောသည်။ အဆိုပါ အစီရင်ခံစာသည် မသန်စွမ်းသူများ ဘက်မှ သဘောထား အမြင်များ ၊ နိုင်ငံတော် အစိုးရက သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားခဲ့သည့် သဘော တူညီချက်များအရ လုပ်ဆောင်ပေးရာတွင် လိုအပ်ချက်များကို ထောက်ပြမည့် အစီရင်ခံစာ ဖြစ်သည်။ လက်ရှိတွင် အစီရင်ခံစာကို အချောသပ် ရေးဆွဲနေပြီး  ၂ဝ၁၈ ခုနှစ်တွင် ဂျနီဖာမြို့သို့ သွားရောက်၍ အစီရင်ခံစာကို ဖတ်ကြားပြီး  ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Read 531 times Last modified on Tuesday, 15 August 2017 14:30