SJ WorldNews - шаблон joomla Авто

မိုးရာသီ တောင်တက်ခရီးကြမ်းလေ့ကျင့်မှု မွန်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထား

Wednesday, 05 June 2019 10:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊  ခရီးသွား

တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းမှ ယခုနှစ် မိုးရာသီကာလအတွင်း တောင်တက်ခရီးကြမ်း လေ့ကျင့်မှု အစီအစဉ်ကို  ဇူလိုင်လလယ်ပိုင်းတွင် မွန်ပြည်နယ်သို့သွားရောက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း တက္ကသိုလ်များ  ခြေလျင်နှင့် တောင်တက်အသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်ထံမှသိရသည်။

''ဆရာတို့အနေနဲ့   မိုးရာသီမှာလည်း အခုလို   တောင်တက်ခရီးကြမ်းလေ့ကျင့် တာတွေလုပ်ကြပါတယ်။  မြင့်မားခက်ခဲ တဲ့  တောင်တက်ခရီးတွေမှာ  အဆင်ပြေချော မွေ့အောင်    လေ့ကျင့်တဲ့အစီအစဉ်မျိုးဖြစ် ပါတယ်။   ဒီနှစ်မှာလည်း   မွန်ပြည် နယ်က တောင်တွေကို တက်ရောက်လေ့ကျင့်မှာဖြစ်ပါတယ်''ဟု ဦးမျိုးသန့်ကပြောသည်။

ထိုခရီးစဉ်သည် တက္ကသိုလ်များ ခြေလျင် နှင့်တောင်တက်အသင်းနှင့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းတို့ ပူးပေါင်း လုပ်ဆောင် သည့် အစီအစဉ်ဖြစ်ပြီး  တောင်တက်ဝါသနာရှင် များ  မိုးရာသီကာလ တောင်တက်ခရီးကြမ်း အတွေ့အကြုံရရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းခရီးစဉ်ကို ရန်ကုန်တက္ကသိုလ်မှ ဇူလိုင် ၁၈ ရက်တွင်ထွက်ခွာပြီး ဇူလိုင် ၂၁ ရက်တွင်  ပြန်လည် ရောက်ရှိ မည်ဖြစ်သည်။ ခရီးစဉ်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဝေပုလ္လတောင်နှင့် စွန်တောင်တို့သို့တက်ရောက်ရန် လျာ ထားကာ တောင်တက်ခရီးစဉ် ထွက်ခွာရင်း  တောင်တက်လမ်းတစ်လျှောက်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့်  ကျေးရွာ များ၌ လှူဒါန်းမှု များပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

''အရင်နှစ်တုန်းကဆိုရင် အဖွဲ့မှာပါလာတဲ့  ဆန်၊ ဆီ၊ ဆားတွေကို တောင်တက်လမ်း တစ်လျှောက်က ကျေးရွာတွေမှာ လှူဒါန်းတာ တွေရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဝါဆို သင်္ကန်းကပ်လှူရင်း  ဆေးဝါးပစ္စည်းလှူဒါန်း တာတွေ၊ တောင်တက် အဖွဲ့နဲ့အတူ ပါလာတဲ့   ဆရာဝန်၊  သူနာပြုတွေကနေ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း  ခရီးစဉ်တစ်လျှောက်လုပ်ဆောင်ခဲ့ပါတယ်။ အခု လိုပဲ တောင်တက်ခရီးစဉ်က နှစ်စဉ်သွားရောက်

ကြတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်''ဟု ဦးမျိုးသန့် ကပြောသည်။

ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ခရီးစရိတ် ငွေကျပ် ၂ဝဝဝဝ နှုန်း၊ ဘွဲ့ကြိုကျောင်းသား များအနေဖြင့်  ငွေကျပ် ၁၂ဝဝဝ နှုန်းပေး သွင်းကာ မိမိ၏ ကုန်ကျ စရိတ်ဖြင့်သာ သွားရောက် ရမည်ဖြစ်ပြီး ဇွန် ၃ဝ ရက် နောက်ဆုံးထား စာရင်း ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။         

ထက်ခိုင်(စမ်းချောင်း)

Read 93 times Last modified on Wednesday, 05 June 2019 10:06