SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုင်းယုမြို့၌ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြော

Saturday, 30 September 2017 09:22 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့၌ ဒေသတွင်း သဘာဝဘေး အန္တရာယ် ကျရောက်မှု ဖြစ်ပွား လာပါက ထိခိုက်ပျက်စီးမှု လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကျိုင်းတုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျိုင်းတုံခရိုင် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာရွှေက နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာ ယင်းဘေးအန္တရာယ်များနှင့် ပြည်သူများ ကြုံတွေ့လာပါက မိမိတို့၏ အသက်အန္တရာယ် ဆုံး ရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများ၊ ပြည်သူများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းထုတ်ပြန် ကြေညာချက်များကို အစဉ်အမြဲ လေးစားလိုက်နာပြီး ပေါ့ဆမှု မရှိစေရေး၊ လတ်တလော သဘာဝဘေး အန္တရာယ်များ နှင့် ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံတကာ အခြေအနေများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မှဘေးအန္တရာယ် ကျရောက်မှုအပေါ် ကူညီထောက်ပံ့ပေးမှု အခြေအနေများ စသည့်သ ဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သိကောင်းစရာများကို ပညာပေး ဟောပြောဆွေးနွေးရာ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ရပ်ကျေးစာရေး စိုင်းဘွန်းဝပ်က ရှမ်းဘာသာဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဟောပြောဆွေးနွေးချက်အပေါ် တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မ/ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ခံများက ရှင်း လင်းဖြေကြားကြကြောင်း သတင်းရရှိသည်။

Read 311 times Last modified on Saturday, 30 September 2017 09:41