SJ WorldNews - шаблон joomla Авто

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၉)ကြိမ်မြောက် ပြန်လည်ခေါ်ယူ

Monday, 29 June 2020 08:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၂၈

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးအား ကယ်ဆယ်ရေးလေယာဉ် Myanmar  National   Airlines-MNA ဖြင့်   ယနေ့တွင် (၉)ကြိမ်မြောက် ပြန်လည်ခေါ်ယူပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ် MNA တွင် စင်ကာပူနိုင်ငံသို့ ကာလတို လာရောက်စဉ်   ပိတ်မိနေသူများ၊  စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့်    ကျောင်းသား၊ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများ၊ အလုပ်လုပ်ခွင့် ပါမစ်ဖျက်သိမ်း/ရပ်နားခံထားရသူများ၊ သင်္ဘောသားများ၊ မြန်မာနိုင်ငံ၌ ပြန်လည်ဆေးကုသမှု ခံယူရန် လိုအပ်နေသူများ လိုက်ပါလာကြပြီး ယနေ့ဒေသစံတော်ချိန်  ညနေ  ၃ နာရီခွဲတွင် စင်ကာပူနိုင်ငံ စင်ကာပူမြို့ရှိ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် စင်ကာပူနိုင်ငံ စင်ကာပူမြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍   ကယ်ဆယ်ရေး လေယာဉ်Myanmar National Airlines-MNA ဖြင့် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲကာ   မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်လိုက်ပါကြမည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ  အဆင်ပြေစွာ ထွက်ခွာနိုင်ရေး အတွက်  မြန်မာသံအမတ်ကြီးနှင့်  သံရုံးဝန်ထမ်းများက ချန်ဂီအပြည်ပြည် ဆိုင်ရာ လေဆိပ်သို့သွားရောက်ကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြကြောင်း   သိရသည်။

 

Read 33 times Last modified on Monday, 29 June 2020 08:05