နေပြည်တော်၊ သြဂုတ် - ၂၄
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ကွမ်း အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ မော်ကြီးကျေးရွာနှင့် မီးတိုင်တက်ကျေးရွာတို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်းလျက်ကျေးရွာ၊ မဟာဝိဟာရ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မဟာစည်သြဝါဒခံအေးရိပ်သာကျောင်း၊ ရွှေကျင်မြို့၊ ညောင်ရမ်းဘုန်းတော်ကြီးကျောင်း၊ ဘုရားကြီးမြို့၊ စစ်ပင်ဆိပ်ရွာ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ ပန်းတောင်းမြို့နယ်၊ တောင်မောက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ ရှင်ဂျော့ဂျက်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် သန်လျင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ဘုရားကြီးမြို့၊ ပြည်မြို့၊ ပန်းတောင်းမြို့နယ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် အုတ်ဖိုမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာ နွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။