နေပြည်တော် ဧပြီ ၁၀
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက် များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ညောင်ရွာကျေးရွာနှင့် ရေဥက္ကံကျေးရွာ၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၂၂)ရပ်ကွက်နှင့် အမှတ်(၂၅)ရပ်ကွက်များရှိ အိမ်ထောင်စု ၅၀၀၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် မင်္ဂလာဒုံတပ်နယ်နှင့် မှော်ဘီတပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။