နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၁၉-၄-၂၀၂၁)

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

 

ဖော်ပြပါ ဆရာဝန်များအနက် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဖြိုးဝေဇင်(လ/ထဆရာဝန်)သည် “ခေတ်မှီ အထူးကုဆေးခန်း၌လည်းကောင်း၊ မိုးကုတ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ အာကာသစ်ထွန်း (လ/ထ ဆရာဝန်)သည် “သမားတော် ဆေးခန်း၌လည်းကောင်း၊ မိုးကုတ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ယုမောင် (လ/ထ ဆရာဝန်) သည် “စွမ်းအားသစ်ဆေးခန်း၌ လည်းကောင်း၊ မိုးကုတ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ကျော်သူရ(လ/ထဆရာဝန်)သည် ပုဂ္ဂလိက ဆေးခန်း၌လည်းကောင်း၊ မော်လမြိုင်ပြည်သူ့ ဆေးရုံမှ ဒေါက်တာ သဲဝါလင်း (လ/ထ ဆရာဝန်)သည် “အဓိပတိ ဆေးခန်း၌ လည်းကောင်း တာဝန်ကျရာဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပ ပုဂ္ဂလိ က ဆေးရုံ/ ဆေးခန်းများတွင် သွားရောက်ကုသလျက်ရှိကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်။

 

အဆိုပါအမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်းပိုင်ရှင်များ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များသို့သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။