ကလေးမြို့တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဧပြီ  ၂၀

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ  ရပ်ဆိုင်းထားရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ  စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန် တက္ကသိုလ်များနှင့် ကျောင်းများ၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တက္ကသိုလ်၌   အနောက်မြောက်တိုင်းစစ်

ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တက္ကသိုလ်အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ   ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။