လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီးသို့ မြန်မာနှစ်သစ်ကူးသင်္ကြန်ရက်အတွင်း ဘုရားဖူးပြည်သူ ၂၅၂၆၇ ဦး လာရောက်ဖူးမြော်ကြည်ညို

ရန်ကုန်  ဧပြီ  ၂၀

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီးသို့ မြန်မာနှစ်သစ်ကူးသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ    လာရောက်ဖူးမြော်ကြည်ညိုသူ၊ တရားဘာဝနာပွားများသူ ဘုရားဖူးပြည်သူ ၂၅၂၆၇ ဦးရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးပြည်သူများ ကိုဗစ်-၁၉ ရောဂါမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ဘုရားပေါ်သို့ ဘုရားဖူးများ တက်ရောက်ခြင်း မရှိသည့်အချိန်များတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ ရေဆေးခြင်း၊ သန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကာ ရင်ပြင်ပတ်လည်တွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ဗွီနိုင်းများ၊ ပိုစတာများချိတ်ဆွဲ အသိပေးထားသည်။

၎င်းင်းအပြင် ဘုရားဖူးလာပြည်သူများကိုလည်း ပိုးသတ်ဆေးဖျန်းရုံမှတစ်ဆင့် ဝင်ရောက်စေခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများ အပါအဝင် ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိအခြေအနေတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရဟန်းရှင်လူပြည်သူများ ပိုမိုအဆင်ပြေစေရန် မတ် ၂၄ ရက်မှစတင်ကာ ဘုရားဖူးချိန်အဖြစ် နံနက်၆ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီအထိတစ်ကြိမ် သတ်မှတ်ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၃၀၀၀ လာရောက် ဖူးမြော်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့မှ သိရသည်။

ဝန်းရံခ