နေပြည်တော် ဧပြီ ၂၂
ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၌ သွေးလိုအပ်မှုမရှိစေရေးအတွက် ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဟားခါးတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်း ကြသည်။
ထိုသို့ လှူဒါန်းရာတွင် သွေးအလှူရှင်များက သတ်မှတ်နေရာ အသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။