ကျွန်းစုမြို့နယ်အတွင်း တရားမဝင်သစ်ခိုးခုတ်နေသူအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် ပန်းတောင်းကျွန်းအနောက် ဘက်ကမ်းခြေနေရာ၌ တရားမဝင်သစ်ခိုး ခုတ်နေသည့်  ကျွန်းစုမြို့နယ်၊  ဝဲကျွန်း ကျေးရွာနေ ဦးမြင့်မူ(ဘ)ဦးတင်ဖေအား တရားမဝင်တောသစ်ခွဲသား ဆိုဒ်စုံ ၁၃ တန် ခန့်၊ ချိန်းဆော ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင်သစ်များနှင့် ဖမ်းဆီး ရမိသူအား ကျွန်းစုမြို့နယ် သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံကြောင်း သတင်းရရှိသည်။