နေပြည်တော် မေ ၁၂
အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၁ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ရာ မော်လမြိုင်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်တပ်နယ်(က)အသင်းနှင့် မုဒုံတပ်နယ်(ခ)အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားနေမှုများကို တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲအား မော်လမြိုင်နှင့် မုဒုံတပ်နယ်တို့မှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် မေ ၂၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။