COVID-19  ပိုးတွေ့လူနာ ၂၂ ဦး ထပ်တိုး

နေပြည်တော်  သြဂုတ်  ၂၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19  ရောဂါ စောင့်ကြပ် ကြည့်ရှု မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ  COVID-19  ရောဂါပိုးတွေ့လူနာသစ်  ၂၂ ဦး ထပ်တိုး လာသဖြင့်   စုစုပေါင်း ပိုးတွေ့ လူနာ  ၆ဝ၂ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၆-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၄၅ ခု၊  ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့ သော ဓာတ်ခွဲနမူနာ ၁၆၂ ခုနှင့်  ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၂၄ခုတို့တွင် COVID-19ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ခြောက်ဦး တွေ့ရှိရသည်။

(၂၆-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးမှုများအနေဖြင့်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်) (NHL)မှ ပထမ+ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၂၈၄ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၁၈ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၇၃ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၄၃၂ခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၄ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝမှ ဓာတ်ခွဲနမူနာ ၁၄၂ခု စုစုပေါင်း ၂၂၉၆ခုအား စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

(၂၇-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၅၆၃ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲန မူနာ ၃၂၆ ခု၊  ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၈၇ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲ မှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခုနှင့် နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ၁၆ ခု စုစုပေါင်း ၁၃၅၅ ခုအား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၆ ဦးတွေ့ရှိရသည်။

(၂၇-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၆ဝ၂ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင်  နှစ်ကြိမ်ဆက် တိုက် ပိုးမတွေ့ ရှိသူလေးဦး (Case-362,363,368,369) ရှိသဖြင့်  ယနေ့အထိ ရောဂါပိုး ကင်းစင်လာ သူ စုစုပေါင်း  ၃၄၉  ဦးရှိသည်။ ၎င်းတို့ အနက် ၃၃၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက် ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။

(၂၆-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၂၇-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာအသစ် ၆၇ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။