ဘော့စနီးယားနိုင်ငံမှ မိုင်ဒါဘိုင်လာအမည်ရှိအမျိုးသမီးတစ်ဦးသည် ခရူစီကာမြစ်ကိုကယ်တင်ရန် နှောင့်ယှက် တိုက်ခိုက်မှုများကို ရက်ပေါင်း ၅၀၃ ရက်ကြာ ကြံ့ကြံ့ခံကြိုးပမ်းသည့်အတွက် အစိမ်းရောင်နိုဘယ်ဆု ချီးမြှင့်ခံရသည်။
မိုင်ဒါဘိုင်လာသည် ခရူစီကာမြစ်နားတွင် အသေးစားရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရန်ခွင့်ပြုချက် မရုပ်သိမ်းမီ အချိန်အထိ ၎င်း၏ကျေးရွာမှ အမျိုးသမီးများနှင့်အတူ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။
အဆိုပါ ဘော့စနီးယား အမျိုးသမီးသည် ကမ္ဘာတစ်ဝန်းရှိ ဒေသခြောက်ခုမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အတွက် ရှေ့ဆောင်လမ်းပြဖြစ်သော အောက်ခြေလူတန်းစားများကိုပေးအပ်သည့် ၂၀၂၁ ခုနှစ် ဂိုးမန်းသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆုအတွက်လည်း အမည်စာရင်းတင်သွင်းခြင်း ခံရသည်။
၎င်းတို့အနေဖြင့် ထိုမြစ်ကိုရက်ပေါင်း ၅၀၃ ရက်ကြာသည်အထိ ကာကွယ်ခဲ့ကြောင်း၊ လိုအပ်ပါက ရက်ပေါင်း ၅၃၀၀ ကြာသည်အထိ ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း မိုင်ဒါဘိုင်လာက ပြောသည်။
ထိုကဲ့သို့လုပ်ဆောင်မှုအတွက် ၎င်းအနေဖြင့် အလုပ်လက်မဲ့ဖြစ်ရကြောင်း၊ မိတ်ဆွေများ ဆုံးရှုံးရကြောင်းနှင့် ၎င်း၏ သမီးသည်လည်း ကျောင်းတွင် အနိုင်ကျင့်ဗိုလ်ကျခံရသည်အထိ ဖြစ်ကြောင်း မိုင်ဒါဘိုင်လာက ပြောသည်။
Ref: TST