ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19  ပိုးတွေ့ လူနာ ၁ဝ၇ ဦး စံချိန်တင် ထပ်တိုး

နေပြည်တော်  သြဂုတ်  ၃၁

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ နှင့်ည ၈ နာရီတို့တွင် COVID-19ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19  ရောဂါ ပိုးတွေ့ လူနာသစ် ၁ဝ၇ ဦး စံချိန်တင် ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၈၈၂ဦးထိ မြင့်တက် လာကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၃ဝ-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲ စစ်ဆေးရာ၌ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ  ၁ဝဝဝ  ခု၊ ပြည်သူ့ ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၃၇ ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ကိုးခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၉၈  ခုနှင့်ပြည်သူ့ ဆေးရုံကြီး  ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၈ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ  ၁၁၇၂ ခုအား ထပ်မံ စစ်ဆေးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၂ ဦးတွေ့ရှိသည်။

(၃ဝ-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးမှုများ အနေဖြင့်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲ မှု ဆိုင်ရာဌာန  (ရန်ကုန်) (NHL)  မှ ဓာတ်ခွဲနမူနာ ၁၅၇ဝ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ  ဓာတ်ခွဲ နမူနာ ၄၁၉ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၃ဝ၁ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ  ဓာတ်ခွဲနမူနာ ကိုးခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၉၈ခုနှင့်  ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၈ ခု  စုစုပေါင်း  ၂၄၂၅ ခုအား စစ်ဆေးခဲ့သည်။

(၃၁-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၉၃၂ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ ၂၁၈ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ ကျန်းမာရေး   ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေ မြို့မှ ဓာတ်ခွဲနမူနာ ၁၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၈ ခု၊  နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-  ၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ  ဓာတ်ခွဲနမူနာတစ်ခုနှင့် ရန်ကုန်မြို့ အမှတ် (၁)တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ  ဓာတ်ခွဲနမူနာ ၁ဝ၆ ခု  စုစုပေါင်း ၁၇၄၁ ခု အား ယနေ့ညနေတွင် စစ်ဆေး ပြီးစီးခဲ့ရာ  COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၉၅ ဦး တွေ့ရှိရသည်။

(၃၁-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၈၈၂ ဦးရှိပြီဖြစ် သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ် ဆက် တိုက် ပိုးမတွေ့ ရှိသူ နှစ်ဦး   (Case-347 နှင့်   376 )ရှိသဖြင့် ယနေ့အထိ ရောဂါပိုး ကင်းစင်လာ သူစုစုပေါင်း ၃၅၄ ဦးရှိပြီ ဖြစ်သည်။ ၎င်းတို့ အနက် ၃၄၇ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွား အလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက်  သေဆုံးသူ ခြောက်ဦးရှိသည်။ (၃ဝ-၈- ၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီမှ (၃၁-၈- ၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၆၁ဦးရှိကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။