ထားဝယ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၅

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၏ မိသားစုဝင်များအား ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် အဖွဲ့ဝင်များက ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ရဲဇာနည်ခန်းမ၌ သွားရောက် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။