ပြည်ပသို့ အအေးခန်းကွန်တိန်နာ သင်္ဘောများဖြင့် ပြန်လည် တင်ပို့လာသည့်အတွက် ငါးဈေးနှုန်းမြင့်တက်

ပြည်ပသို့    အအေးခန်း ကွန်တိန်နာ သင်္ဘောများဖြင့် ပြန်လည်တင်ပို့လာသည့်အတွက်    ငါးဈေးနှုန်း မြင့်တက်လာပြီး ငါးမွေးမြူသူများ  အဆင်ပြေလာကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းမှ   တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ငါးဈေးကွက်မှာ အဝယ်ကောင်းမွန်လာတယ်။  ပြည်ပတင်ပို့ဖို့ရှိလာတော့ အဝယ်များလာတာပါ။    အရင်ကထက်စာရင် ငွေကျပ်   ၃၀၀  လောက်တက်လာတယ်။ ပြည်ပကို တစ်ပိဿာအထက် ငါးတွေတင်ပို့တယ်။  အရင်က  ငါးမြစ်ချင်းတစ်ပိဿာအောက်နဲ့ အထက်က ငွေကျပ် ၁၀၀ ပဲကွာတယ်။ အခု ငွေကျပ် ၃၀၀၊ ၄၀၀ လောက်ကွာသွားတယ်ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်ပသို့တင်ပို့နေသည့် ငါးမှာ ဈေးနှုန်းအနည်းငယ် မြင့်တက်နေပြီး   ပြည်တွင်း စားသုံးသည့်ငါးမှာ    ပုံမှန်ဈေးအတိုင်းသာရှိကြောင်း၊ ပြည်တွင်း၌ စားသုံးသည့် တစ်ပိဿာအောက်အရွယ် ငါးတစ်ပိဿာလျှင်  ငွေကျပ် ၁၉၀၀ မှ ၂၀၀၀ သာရှိပြီး ပြည်ပတင်ပို့သည့် တစ်ပိဿာအထက်အရွယ်   ငါးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀  မှ  ၂၇၀၀  အထိရှိကာ နှစ်ပိဿာအထက်အရွယ် ငါးမြစ်ချင်း တစ်ပိဿာလျှင်  ငွေကျပ် ၂၈၀၀ မှ ၂၉၀၀ အထိရှိကြောင်း သိရသည်။    

 ဆုလာဘ်