အီရတ်ရှိအမေရိကန်သံရုံး ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရ

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးသည် ဇူလိုင် ၈ ရက်အစောပိုင်းတွင် ဒုံးကျည်သုံးစင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခံရကြောင်း အီရတ်စစ်ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် သံရုံးအနေဖြင့် ထိခိုက်ခြင်း မရှိသော်လည်း ဘဂ္ဂဒက်မြို့ရှိ အခိုင်အမာခံစစ်ပြင်ထားသော အစိမ်းရောင်နယ်မြေရှိနေရာသုံးခုကို ထိမှန်သွားကြောင်း စစ်ဘက်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံအနောက်ပိုင်း အန်ဘာပြည်နယ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို လက်ခံထားသော  လေတပ်စခန်းတစ်ခုသည်လည်း ဇူလိုင် ၇ ရက်တွင် ဒုံးကျည် ၁၄   စင်းဖြင့်   တိုက်ခိုက်ခံရကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်သည်နှစ်ဦးသာ ဒဏ်ရာအနည်းငယ်ရရှိကြောင်း  အီရတ်နိုင်ငံရှိ ညွန့်ပေါင်းအဖွဲ့က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အီရတ်နိုင်ငံရှိ အမေရိကန်စစ်ဘက်နှင့် သံတမန်အဆောက်အအုံများ   ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်မှုများကို အီရန်၏ လက်ပါးစေဖြစ်သော     လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက စွပ်စွဲအပြစ်တင်ထားသည်။

အမေရိကန်စစ်ဘက်က အီရတ်နိုင်ငံအတွင်း စစ်သွေးကြွချေမှုန်းရေး လုပ်ဆောင်ရန် စစ်သည် ၂၅၀၀ ကိုဖြန့်ကြက်ထားရာ

ယခုနှစ်အတွင်းပစ်မှတ်ထား တိုက်ခိုက်ခံရသည့် အကြိမ်ရေ ၅၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

Ref: CNA