ဘင်္ဂလားဒေ့ရှ်မှ နွားပုတစ်ကောင် ကမ္ဘာ့အသေးဆုံးနွားဖြစ်လာနိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၂၃ လရှိပြီ ဖြစ်သည့် နွားပုတစ်ကောင်သည် ကမ္ဘာ့အသေးဆုံးနွား ဖြစ်လာနိုင်ကြောင်း  သိရသည်။

ချာရီဂရမ်ကျေးရွာရှိ အဆိုပါနွားပုသည် မြို့တွင်လူပြောအများဆုံး အကြောင်းအရာဖြစ်လာကာ လူမှုမီဒီယာအပေါ် ရောက်သွားသည့်အတွက် ကမ္ဘာ့အသေးဆုံးနွားဖြစ်လာနိုင်ခြင်း ဖြစ်သည်။

၎င်းင်း၏ပိုင်ရှင်ဖြစ်သည့် ဟက်ဆန်ဟောင်းလေဒါက ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်အဖွဲ့သို့ ဆက်သွယ်ပြီး ရာနီအမည်ရှိ အဆိုပါ နွားကို  ကမ္ဘာ့အသေးဆုံးနွားအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ ထိုအဖွဲ့ကလည်း သုံးလအတွင်း လာရောက်ဆုံးဖြတ်ပေးမည်ဟု အကြောင်းပြန်ထားသည်။

လက်ရှိတွင် ကမ္ဘာ့အသေးဆုံးနွားအဖြစ် စာရင်းဝင်ထားသည်မှာ အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှ မာနီယမ်အမည်ရှိ နွားဖြစ်ပြီး ရာနီသည်   မာနီယမ်ထက်ပိုမိုသေးငယ်ကြောင်း ဟက်ဆန်ဟောင်းလေဒါကပြောသည်။ ရာနီ၏အရွယ်အစားမှာ အလျား ၆၆ စင်တီမီတာနှင့် အလေးချိန် ၂၈ ကီလိုဂရမ်သာရှိပြီး မာနီယမ်ထက် အလျား ၁၀ စင်တီမီတာပိုသေးကြောင်း   ၎င်းကဆက်ပြောသည်။ ဘူတန်နွားမျိုးဖြစ်သည့် ရာနီသည် မျိုးတူစပ်ထားသည့် နွားဖြစ်သောကြောင့် ယခုထက်ပို၍ မကြီးလာနိုင်တော့ကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ပြောထားသည်။

ထို့ပြင်    နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် လော့ဒေါင်း ချမှတ်ထားသော်လည်း အနယ် နယ်အရပ်ရပ်မှနေ၍  ရာနီကိုလာကြည့်သူ အရေအတွက်မှာ ပြီးခဲ့သည့် သုံးရက်အတွင်း ၁၅၀၀၀ ရှိကြောင်း သိရသည်။

Ref: Sputnik