နေပြည်တော် စက်တင်ဘာ ၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ နံနက် ၈ နာရီ၊ နံနက် ၁၁ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၇၆ ဦး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၉၉၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များတွင် (၁-၉-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)( NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၆၈ ခုနှင့်ဆေးသုတေသန ဦးစီးဌာန (DMR)) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၂ဝ ခု စုစုပေါင်း ၆၈၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၉ ဦး တွေ့ရှိရသည်။
(၁-၉-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှုများ အနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL) မှ ဓာတ်ခွဲနမူနာ ၁၃၁၄ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂၂ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ၂၈ဝ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှဓာတ်ခွဲနမူနာ ၉၈ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲ နမူနာ ၂၄ ခု၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁ဝ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၂ဝ၆ ခု စုစုပေါင်း၂၄၄၁ ခုအား စစ်ဆေးပြီးစီးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၁ ဦးတွေ့ရှိခဲ့ရသည်။ (အဆိုပါသတင်းများကို ထုတ်ပြန်ပြီး ဖြစ်သည်။)
အဆိုပါလူနာများ၏ အချက်အလက်များကို ပူးတွဲပါ ဇယားများဖြင့် ဖော်ပြအပ်ပါသည်။
(၂-၉-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၈၄ဝ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၉၆ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၅၁ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ၂၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၂၇ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ခုနစ်ခုနှင့် ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ ခြောက်ခု စုစုပေါင်း ၁၄ဝ၈ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ NHL ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၇ ဦး တွေ့ရှိရသည်။
(၂-၉-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၉၉၅ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း(Old Confirmed Case)များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ နှစ်ဦး (Case-390 နှင့် 393) ရှိသဖြင့် စုစုပေါင်း ၃၅၉ ဦးရှိသည်။ ၎င်းတို့အနက် ၃၄၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။
ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။
(၁-၉-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၂-၉-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၈၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။