ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်ကောင်စီ
အမိန့်အမှတ်(၉၄/၂ဝ၂ဝ)
၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်
ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်သို့ လာရောက်သူများနှင့် နေပြည်တော်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည် ဝင်ရောက်သူများ သိရှိလိုက်နာရန် အသိပေး ကြေညာချက်
၁။ ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ဒုတိယအပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19 ရောဂါအတည် ပြုလူနာများတွေ့ရှိခဲ့ရပြီး ၎င်းတို့မှ ဆင့်ပွားကူးစက်သူအချို့သည်လည်း အခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့ ရောက်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်အရ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ နေပြည်တော်သို့ လာရောက်သူများနှင့် နေပြည်တော်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည် ဝင်ရောက်သူများအား စနစ်တကျ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။
၂။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ နေပြည်တော်သို့လာရောက်သူများ အားလည်းကောင်း၊ နေပြည်တော်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များသို့သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည် ဝင်ရောက်သူများအား လည်းကောင်း အောက်ပါအချက်များကို စိစစ်ဆောင်ရွက်ပြီးမှ ဝင်ရောက် ခွင့်ပြု မည်ဖြစ်ကြောင်း အသိပေး ကြေညာချက် ထုတ်ပြန်လိုက်သည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှလာရောက်သူများ
(၁) မည်သည့်အကြောင်း ကိစ္စဖြင့် လာရောက်သည် ဖြစ်စေ မိမိနေထိုင်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ များတွင် နေထိုင်ကြောင်း ထောက်ခံစာ ယူဆောင် လာစေရန်။
(၂) ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထား သောမြို့နယ် များတွင် နေထိုင်သူများအနေဖြင့် တာဝန်ရှိသူများ၏ခွင့်ပြုချက်မပါရှိဘဲ နေပြည်တော်သို့ လာရောက် ပါကသို့မဟုတ် နေပြည်တော် သို့လာရောက်ရန်ခေါ်ယူကြောင်း အကြောင်းကြားစာအား ပြသနိုင်ခြင်းမရှိဘဲ နေပြည်တော်သို့ လာရောက်ပါက နေပြည်တော် ကောင်စီမှ ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် (၁၄)ရက်နေထိုင်၍ Quarantine ကာလအတွင်း ဓာတ်ခွဲ နမူနာ(၂) ကြိမ်ရယူ စစ်ဆေးမှုကို ခံယူကာ ဓာတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိပါက Home Quarantine (သို့မဟုတ်) Community Based Facility Quarantine နေရာတွင် (၇)ရက် နေထိုင်ပြီးမှသာ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ဝင်ရောက်ရန်။
(၃) ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် နေထိုင်သော်လည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသဖြင့် နေပြည်တော်သို့ လာရောက်ရန် အကြောင်းကြား စာရရှိသည့် သူများအနေဖြင့် နေပြည်တော်ကောင်စီမှ သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက်မြောက် နေ့တွင် လည်းကောင်း၊ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှု ခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ အဖွဲ့အစည်း/ ဌာနများသို့ သွားရောက်ရန်။
(၄) ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထား သော မြို့နယ်များတွင် နေထိုင်သော်လည်း ၎င်းတို့ နှင့်သက်ဆိုင်သောလုပ်ငန်းများဆောင်ရွက်ရန် နေပြည်တော်သို့ လာရောက်လိုသော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်း များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် နေပြည်တော် ကောင်စီမှ သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက်နေ ထိုင်၍ Quarantine ဝင် ရောက်ပြီးနောက်တစ်ရက်တွင်လည်းကောင်း၊ (၅)ရက်မြောက် နေ့တွင် လည်းကောင်း၊ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ (Swab) ရယူစစ်ဆေးမှု ခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာ အဖွဲ့ အစည်း/ ဌာနများသို့ သွားရောက်ရန်။
(၅) ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ် များတွင် နေထိုင်သော်လည်း တာဝန် ထမ်းဆောင်ရန် မြို့နယ်ပြင်ပသို့ သွားလာခွင့်ရှိ သည့်အဖွဲ့ အစည်းများနှင့် ကုမ္ပဏီများမှဝန်ထမ်းများ နေပြည်တော်ရှိ ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းများ ဆောင်ရွက်ရန် လာရောက် လိုပါက နေပြည်တော်ကောင်စီမှ သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇)ရက် နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက်မြောက်နေ့တွင် လည်းကောင်း၊ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှု ခံယူကာ ရောဂါမရှိကြောင်း အဖြေ ရရှိမှသာ သက်ဆိုင်ရာ အဖွဲ့အစည်း/ ဌာနများသို့ သွားရောက်ရန်။
(၆) ရောဂါဖြစ်ပွားနေသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖြစ်သော်လည်း ရောဂါကူးစက် ခံရမှုမရှိ သေးသော မြို့နယ်များမှ နေပြည်တော်သို့လာ ရောက်လိုသူများ၊ ရောဂါဖြစ်ပွားခြင်းမရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှနေပြည်တော်သို့ လာရောက်လိုသူများ အနေဖြင့် နေပြည်တော် ကောင်စီမှ သတ်မှတ် ထားသော Community Based Facility Quarantine နေရာတွင်နေထိုင်၍ ရောက်ရှိသည့်နေ့ နောက်တစ် ရက်တွင် နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူစေကာ ရောဂါမရှိကြောင်း အဖြေ ရရှိမှသာ သက်ဆိုင်ရာအဖွဲ့အစည်း/ဌာန/ နေရာများသို့ သွားရောက်ရန်။
(၇) သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ချက်ချင်းပို့ဆောင်ပြီး လိုအပ်သော ဆေးကု သမှုကို ခံယူရန်။
(ခ) နေပြည်တော်တွင် အခြေချနေထိုင်သူများ
(၁) နေပြည်တော်သို့ ပြန်လည်ဝင်ရောက်ပါက မည်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ မြို့များ သို့ သွားရောက်ခဲ့သည်ဆိုသည့် အထောက်အထား တင်ပြရန်။
(၂) မည်သည့်မြို့သို့သွားရောက်ခဲ့ကြောင်း အထောက်အထားခိုင်လုံစွာမတင်ပြနိုင်သူများ၊ Stay at Home သတ်မှတ် ထားသော မြို့နယ်များသို့သွား ရောက်ခဲ့ကြောင်း ခိုင်လုံသော အထောက်အထား တွေ့ရှိရလျှင် နေပြည်တော် ကောင်စီမှပြင်ဆင် ထားသော Community Based Facility Quarantine နေရာများတွင် (၁၄)ရက်နေထိုင်၍ Home Quarantine ကာလအတွင်း ဓာတ်ခွဲနမူနာ(၂) ကြိမ်ရယူစစ်ဆေးမှု ကိုခံယူကာ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine (၇)ရက်နေထိုင်ပြီးမှသာ နေပြည်တော် ကောင်စီ နယ်မြေအတွင်းသို့ ဝင်ရောက်ရန်။
(၃) ရောဂါဖြစ်ပွားနေသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖြစ်သော်လည်း ရောဂါကူးစက်ခံရမှု မရှိ သေးသော မြို့နယ်များမှ ပြန်လာသူများ၊ ရောဂါ ဖြစ်ပွားခြင်း မရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များမှ ပြန်လာသူများ အနေဖြင့် နေပြည်တော် ကောင်စီမှ သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် နေထိုင်၍ ရောက်ရှိသည့်နေ့ နောက်တစ်ရက်တွင် နှာခေါင်း၊ အာခေါင်တို့ ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူပြီး ရောဂါမရှိကြောင်း အဖြေရရှိမှသာ နေပြည်တော်ကောင်စီ နယ်မြေ အတွင်းသို့ ဝင်ရောက်ရန်။
(၄) သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး လိုအပ်သော ဆေးကုသမှုကို ခံယူရန်။
၃။ ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ် များမှဖြစ်စေ၊ ရောဂါဖြစ်ပွား နေသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖြစ်သော်လည်း ရောဂါ ကူးစက် ခံရမှု မရှိသေးသောမြို့နယ်များမှဖြစ်စေ၊ ရောဂါဖြစ်ပွားခြင်းမရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ မှဖြစ်စေ နေပြည် တော်သို့လာရောက်သူများအနက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသဖြင့် နေပြည်တော်သို့ လာရောက်ရန် အကြောင်း ကြားစာ ရရှိသည့် သူများမှအပ မည်သူမဆို ဓာတ်ခွဲစစ်ဆေးရာ၌ ကုန်ကျမည့် စရိတ်အား ကာယကံရှင်မှ ကျခံရ မည်ဖြစ်ပါသည်။
၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ နေပြည်တော်သို့ လာရောက်သူများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်ပြီး မြောက်သည်နှင့် နေရပ်သို့ပြန်လည် ထွက်ခွာရေး လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက် သွားရန်ဖြစ်ပါ သည်။
၅။အထက်ပါကြေညာချက်များအား အများပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး မည်သည့်မြို့ သို့ သွားရောက်ခဲ့ကြောင်း တင်ပြရန် ငြင်းဆန်သူများ၊ နေရပ်လိမ်လည်ဖော်ပြခြင်း၊ သွားရောက် ခဲ့သည့်နေရာအား မမှန်မကန်ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများအား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၆။ သို့ဖြစ်ရာ ဤအသိပေးကြေညာချက်အား ၂ဝ၂ဝပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်အထိ ဤအသိပေး ကြေညာ ချက်သည် အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။
ဒေါက်တာမျိုးအောင်
ဥက္ကဋ္ဌ
နေပြည်တော်ကောင်စီ