နေပြည်တော်၊ စက်တင်ဘာ - ၄
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နှင့် လင်းခေးမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များရှိ ပြည်သူ့ဆေးရုံများ၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာ တိုက်နယ် ပြည်သူ့ဆေးရုံ၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ တိုက်နယ်ဆေးရုံနှင့် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း တိုက်နယ်ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။