တပ်မတော်ဆေးအဖွ့ဲက ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍တာမွေမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ရောဂါပိုး ကွင်းဆင်းရှာဖွေစစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ - ၉
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်နှင့် ပုသိမ်ညွှန့် ရပ်ကွက်တို့၌ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အဆိုပါရပ်ကွက်များ၌ COVID-19 ရောဂါ ကူးစက်ရောဂါပိုး ကွင်းဆင်းရှာဖွေခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော တပ်မတော်ဆေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အဖွဲ့ငယ်များခွဲကာ မေတ္တာညွှန့်ရပ်ကွက်နှင့် ပုသိမ်ညွှန့်ရပ်ကွက် များရှိ ပြည်သူ စုစုပေါင်း ၃၆၅၀၀ ဦးတို့ကို ကျန်းမာရေးစင်တာကားဖြင့် အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် COVID-19 ရောဂါ ကူးစက်ရောဂါပိုးကွင်းဆင်း ရှာဖွေခြင်းများ ဆောင်ရွက်ပေးသည်။
တပ်မတော်ဆေးအဖွဲ့အနေဖြင့် စက်တင်ဘာ ၁၀ ရက်တွင် တောင်ဥက္ကလာပ မြို့နယ်၌လည်းကောင်း၊ စက်တင်ဘာ ၁၁ ရက်တွင် သာကေတမြို့နယ်တို့၌လည်းကောင်း ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။