၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

နေပြည်တော်၊ စက်တင်ဘာ - ၉
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်အတွင်းရှိ အသက် ၂ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများနှင့်ဆရာဝန်များက ကလေးငယ် ၅၆ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ် ဆေးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးသည်။
    
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင် များက ကြည့်ရှုအားပေးပြီး ကလေးငယ်များအား လက်ဆောင်ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။