ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၉
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုးပေးအပ်ခြင်းကို ဘဲဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တပ်နယ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
    
ဦးစွာ မကွေးတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်ထင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက သီးနှံများပျက်စီးခဲ့သည့်ကျေးရွာ ၃၆ ရွာမှ အိမ်ထောင်စု ၇၄၂၄ စု၊ တောင်သူ ၂၉၆၈၆ ဦးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန် ၄၇၂၂ အိတ် ၁၄ ပြည်၊ ဆီ ၈၃၁၂ ပိဿာ၊ ဆား ၇၂၇၃ ပိဿာနှင့် ပဲ ၁၂၃၆၈ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ဘဲဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တောင်သူများက လက်ခံရယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ 
    
အလားတူ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ညောင်ခြေပေါ်ကျေးရွာရှိ အိမ်ထောင်စု ၄၁ စု၊ တောင်သူ ၁၇၂ ဦးအတွက် ဆန် ၂၇ အိတ်၊ ဆီ ၄၈ ပိဿာ၊ ဆား ၄၂ ပိဿာ၊ ပဲ ၇၂ ပိဿာတို့ကို  မိတ္ထီလာတပ်နယ်မှ ဗိုလ်ချုပ် ထင်လင်း ကလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၂၁၆ စု၊ တောင်သူ ၈၄၄ ဦးအတွက် ဆန် ၁၃၄ အိတ်၊ ဆီ ၂၃၆ ပိဿာ ၃၂ ကျပ်သား၊ ဆား ၂၀၆ ပိဿာ ၇၈ ကျပ်သား၊ ပဲ ၃၅၄ ပိဿာ ၄၈ ကျပ်သားတို့ကို ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်က လည်းကောင်း၊ စေတုတ္တရာမြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ အိမ်ထောင်စု ၁၀၁၃ စု၊ တောင်သူ ၄၀၅၂ ဦးအတွက် ဆန်၊ ၆၄၄ အိတ်၊ ဆီ ၁၁၃၄ ပိဿာ၊ ဆား ၉၉၂ ပိဿာ၊ ပဲ ၁၇၀၁ ပိဿာတို့ကို ပဒါန်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်ကလည်းကောင်း အဆိုပါ ကျေးရွာများ၌ သွားရောက်ထောက်ပံ့လှူဒါန်းရာ ကျေးရွာများမှ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
    
အဆိုပါ သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှ တောင်သူများအား တပ်မတော်က ယခုကဲ့သို့ ပေးအပ်လှူဒါန်းခြင်းအတွက် ဒေသခံတောင်သူများက အထူးပင် ဝမ်းမြောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များအား ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။