ပုသိမ်တပ်နယ်အားကစားခန်းမနှင့် နယ်မြေခံဆေးတပ်ရင်းတို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု
နေပြည်တော်၊ စက်တင်ဘာ - ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တပ်နယ်အားကစားခန်းမနှင့် နယ်မြေခံ ဆေးတပ်ရင်းသို့ ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များက သွားရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ရန်အတွက် Quarantine ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများ၊ သီးသန့်လူနာဆောင်များ ပြင်ဆင်ထားရှိမှုများ၊ အသက်ရှူဘူးနှင့် အောက်ဆီဂျင်ဘူးများ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။