ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၄၆၈ ဦး ထပ်တိုး
နေပြည်တော် စက်တင်ဘာ ၃ဝ
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၉-၉-၂ဝ၂၁)ရက် ည ၈ နာရီမှ (၃ဝ-၉-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစု ပေါင်း ၁၈၃ဝ၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် ၁၄၆၈ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း မှာ ၈ ဒသမ ဝ ရာခိုင်နှုန်းရှိသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၃၁၇၈၅၁ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၆၄ဝ၇၆ ဦးရှိပြီဖြစ်သည်။
ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၄ဝ၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၁၈၃၂၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅၃ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၇၃၅ ဦးရှိသည်။