ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး

ပင်းတယ   အောက်တိုဘာ ၃

ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း လိုက်ပါလျက် ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ မြို့နယ်ကုသရေး ဦးစီးဌာနမှူး     ဒေါက်တာမို့မို့ကြည်နှင့် ဆေးရုံဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆေးရုံ အဆောက်အအုံရှိ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အတွင်းလူနာခန်းများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံတွင် ပြည်သူများအားဆေးကုသ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင် ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအား အားပေးစကား ပြောကြားပြီး အသစ်ဆောက်လုပ်ဆဲ နှစ်ထပ်လူနာဆောင်အား ကြည့်ရှုကာ ကိုဗစ်-၁၉ သံသယလူနာများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့သူများအား ကိုဗစ်-၁၉ ရောဂါရှာဖွေရေး လုပ်ငန်းဆောင်ရွက်နေမှုများကို စစ်ဆေးပြီး  ကိုဗစ်-၁၉   RDT Test Kit နှင့် ကာကွယ်ဆေးများကို  ဝန်ကြီးဌာနအနေဖြင့်   အလုံအလောက် ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အထူးကြိုးစား ဆောင်ရွက်ပေးလျက်ရှိသော  ကျန်းမာရေး ဝန်ထမ်းများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

အဆိုပါ  ပင်းတယမြို့  ပြည်သူ့ဆေးရုံသည် ခုတင်-၅ဝ ဆံ့ ဆေးရုံဖြစ်ကာ ဆရာဝန် နှစ်ဦး၊ သူနာပြု ၁ဝ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ    လာရောက်ကူညီနေသည့် သားဖွား/ကျန်းမာရေးကြီးကြပ်-၂ ဝန်ထမ်း ၁၁ ဦးတို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း၊ အတွင်းလူနာများအဖြစ် ကိုဗစ် ရောဂါပိုးတွေ့လူနာ ၃၂ ဦးနှင့် အခြားရောဂါ အတွင်းလူနာ ၄၁ ဦး စုစုပေါင်း ၇၃ ဦးကို လက်ခံကုသပေးလျက် ရှိကြောင်း သိရသည်။