ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၁၉၄ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၁၉၄ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၃

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ  ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ (၂-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၃-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၃၉ဝ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်  ၁၁၉၄ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၃၇၆ဝ၁၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၆၈၄၆၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၉ဝ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၂၂၇၅၅ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၄၈ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၈၈၃ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်   တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂-၁ဝ-၂ဝ၂၁) ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၈၃၉ဝ၇၄၆ ဦးအား ထိုးနှံပေးပြီးဖြစ်၍   ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၃၈၇၂၉၅၆ ဦးနှင့်  ပထမအကြိမ် ထိုးနှံပြီးစီးသူ  ၄၅၁၇၇၉ဝ ဦးရှိပြီဖြစ်သည်။

သို့ဖြစ်ပါ၍ (၂-၁ဝ-၂ဝ၂၁)ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၂၂၆၃၇ဝ၂ ကြိမ် ထိုးနှံပြီးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်   ''ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်''နှင့် ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်''အတိုင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီး ဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင်  ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က သတင်း ထုတ်ပြန်ထားသည်။