ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၆)
ယမန်နေ့မှအဆက်
မြစ်ငယ်အရပ်က တောင်သမန်အရောက် တူးဖောက် ထားသော လက်ခုပ်ပင် ပေါက်တူးမြောင်း၊ ဇောင်းကလောကန်တော်၊ အောင်ပင်လယ်ကန်တော်၊ နန္ဒာ ကန်တော်တို ပျက်စီးယိုယွင်းရှိသည်များကို ထပ်မံဆည်ဖို လုပ်ဆောင်ကုသိုလ်ပြု သည်။ (မိမိပိုင် ငွေတော်ဖြင့် ထုတ်ပေးကုသိုလ်ပြုခြင်းဖြစ်သည်။) အလားတူပင် တောင်ဘက် ကိုးခရိုင်အတွင်းရှိ တောင်သူလယ်သမားတိုအကျိုးအတွက် ဆည်တော်၊ မြောင်းတော် ပျက်စီးယိုယွင်းသမျှတိုကိုလည်း အသစ်တစ်ဖန် ဆည်ဖိုလုပ်ဆောင် လှူဒါန်းသည်။
မတ္တရာ ရွှေလောင်းမြောင်း တိမ်ကောပျက်စီးနေသည်ကိုလည်း အသစ်တစ်ဖန် ဆည်ဖို ပြုပြင်ပေးလှူသည်။
ပုသိမ်မြို စီရင်စုလိပ်ကျွန်းခေါ် မိန်းမလှကျွန်းတွင် စေတီတော်တစ်ဆူ “လောကဥသျှောင်” ဟူသော ဘွဲတော်နှင့် တည်ထားကိုးကွယ်၍ မိန်းမလှကျွန်း ပတ်ဝန်းကျင်ရှိ ငါး၊ လိပ်တိုအား ဘေးမဲ့ပေးရာဌာန အဖြစ် သတ်မှတ်လှူဒါန်းသည်။
မဟာမုနိရုပ်ပွားတော်ကြီး ကိန်းဝပ်တော်မူရန် အတွက် ဂန္ဓကုဋိနှင့်တကွ ပြာသာဒ် တော်ကြီး၊ မဟာရံ အုတ်တံတိုင်း၊ ရေကန်များပါ ပျက်စီးယိုယွင်းသည် များကို အသစ်ပြုပြင်တည်ဆောက်လှူဒါန်းတော်မူသည်။
အမရပူရမြို၏ အရှေ့ဘက်ရှိ မင်းအိုကျောင်းတိုက် မြောက်တံတိုင်း မီးတားအရန် ကျောင်းနှင့်တကွ ကျောင်းတိုက်နှစ်တိုက်တွင် ကျောင်းကြီးနှစ်ဆောင် ဆောက်လုပ် လှူဒါန်းသည်။
မြိုတော်၏အရှေ့ဘက်၌ ဇောင်းကလောကန်ဦးတွင်အရံစေတီနှင့်တကွ တည်ထား ကိုးကွယ်သော “လောက မဏိစူဠာစေတီတော်ကြီး” မတဲသင်္ဂဇာချောင်း အရှေ့ဘက် ကမ်းထိပ်တွင် တည်ရှိသော ခမည်းတော် အိမ်ရှေ့မင်းကြီး(မဟာမုနိဘုရားပင့်)၏ ကုသိုလ်တော်၊ ချမ်းသာရဘုရား ပျက်စီး ယိုယွင်းနေသည်ကို အသစ်တစ်ဖန် ထပ်မံလုပ်ဆောင် ပြုပြင်သောကုသိုလ်၊ ဤသို အမျိုးမျိုးသော ကောင်းမှုကုသိုလ်များ ကို လည်း ပြုလုပ်တော်မူခဲ့လေသည်။ ရွှေဘိုမင်းတရားကြီး တွင်ရှိခဲ့သော မိဖုရား၊ သားတော်၊ သမီးတော်တိုမှာ
၁။ သီရိပဝရတိလောကမဟာရတနာပဒုမ္မာဒေဝီ ဘွဲခံ မိဖုရားခေါင်ကြီး- ၎င်းမှ
(က) သားတော် အမရပူရစတုတ္ထနန်းစံ ပုဂံမင်း သီရိသုဓမ္မ တိလောကပဝရမဟာရာဇဓိရာဇာ။
(ခ) ညီမတော် သီရိပဝရမဟာရာဇိန္ဒဓိပတိ ရတနာဒေဝီ အမည်ဘွဲခံ(မင်းတုန်းမင်း ဘုရင်မင်း၏ မိဖုရားခေါင် စကြာဒေဝီ)
(ဂ) ငယ်စဉ်က ကွယ်လွန်ကြသော ညီတော် ညီမတော်ငယ် ၅၊ စုစုပေါင်း သားတော်၊
သမီးတော် ခုနစ်ပါး။
၂။ သီရိပထာနန္ဒာဘိရတနာဒေဝီဘွဲခံ မြောက်နန်း မိဖုရား၌ သားတော်၊ သမီးတော် လေးပါး ဖွားမြင်သော်လည်း ငယ်စဉ်က ကွယ်လွန်ကြသည်။
၃။ သီရိမဟာစန္ဒဘိရတနာဒေဝီဘွဲခံ အလယ်နန်း မိဖုရား ၎င်းမှ
(က) သားတော် သီရိမဟာသီဟသူရဓမ္မရာဇာ ဘွဲခံ ပြည်မင်းသားကြီး။
(ခ) ညီတော် သီရိသီဟသူရမဟာဓမ္မရာဇာဘွဲခံ ပုခန်းမင်းသား ပေါင်း နှစ်ပါး။
၄။ သီရိသူစန္ဒမလ’ာမဟေဘွဲခံ တောင်ဆောင်တော် ကျောက်မော်မြိုစား မိဖုရား၊ ၎င်းမှ သားတော်၊ သမီးတော် လေးပါးရှိရာ အကြီးနှစ်ဦး ငယ်စဉ်က ကွယ်လွန်၍ အငယ်နှစ်ဦးမှာ-
(က) မင်းတုန်းမင်းမြိုစားမင်းသား နောင်သောအခါ ရတနာပုံမြိုတည်နန်းတည် ပဉ္စမ သင်္ဂါယနာတင် မင်းတရားကြီး။
(ခ) ညီတော် ကနောင်မြိုစားမင်းသား (အိမ်ရှေ့မင်း)။
၅။ သီရိမဟာသူရတနာစန္ဒာဒေဝီဘွဲခံ အနောက် နန်းမိဖုရား(မြကလေး) ၎င်းမှ
(က) သားတော် ငယ်ကကွယ်လွန် တစ်ပါး။
(ခ) သမီးတော် လှိင်မြိုစား သီရိသုမြတ်စွာ ရတနာဒေဝီဘွဲခံတစ်ပါး။
(ဂ) သားတော် အမြွှာ ငယ်စဉ်ကကွယ်လွန်။ ပေါင်း လေးပါး။
၆။ မြောက်ဆောင်တော် ကနောင်မြိုစားမိဖုရား သီရိသုနန္ဒမလ’မဟေဘွဲခံတွင်
(က) သမီးတော် ပင်းတလဲမြိုစား သီရိမဟာ
ရတနာ သုစန္ဒဒေဝီ။
(ခ) သမီးတော် သီရိမဟာသုစန္ဒာရတနာဒေဝီ။ ပေါင်း နှစ်ပါး။
၇။ ကိုယ်လုပ်တော် ရွှေသားက ဖွားမြင်သော သမီးတော် ဟင်္ဂမော်မြိုစား သီရိသုစန္ဒာ မင်္ဂလာ ဒေဝီ(ပုခန်းသားနှင့် စုံဖက်ရသည်။)
၈။ မြောက်ရွှေရေးဆောင် မိဖုရား သီရိမင်္ဂလာ နန္ဒာမင်္ဂလာမဟေတွင်
(က) သားတော် ငယ်ကကွယ်လွန် တစ်ပါး။
၉။ ဘဏ္ဍာစိုး ကျပင်းမြိုစား သီရိသုနန္ဒာမင်္ဂလာမဟေမှ
(က) သားတော် တရုတ်မော်မြိုစား မင်းသား သတိုးမင်းရဲကျော်ခေါင်။
(ခ) နှမတော် မကွေးမြိုစား ပေါင်း နှစ်ပါး။
၁၀။ ကိုယ်လုပ်တော် မြန်အောင်မြိုစား သီရိသိင်္ခါ မဟေတွင် သမီးတော် စောလှမြိုစား သီရိ အာသာဝတီ တစ်ပါး။
ဆက်လက်ဖော်ပြပါမည် -