ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

၁။  လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

    (ခ) လျှောက်ထားသူသည် ၁-၁-၂ဝ၂၂ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

    (ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

     (ဃ)မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

    (င) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ) ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက်  မကျော်ရ။

၂။   လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ၊ Myawady Webportal www. myawady.net.mm/Sgt(male) တွင် Download ရယူ၍ဖြစ်စေ   အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၉-၁၀-၂၀၂၁ ရက်နေ့မှ ၂၃-၁၁-၂၀၂၁ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ လျှောက်ထားရမည်-

    (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။     

    (ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

    (ဂ)အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

    (ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

    (င) အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

    (စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။          

၃။ သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ဌာနချုပ်များ အစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်း ဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။ သင်တန်းကာလ (၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ  (၁၄၄ဝဝဝ)ကျပ် ကို လည်းကောင်း၊ ခြေလျင်တပ်သား သစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ (၁၅ဝဝဝဝ)ကျပ် ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (တတိယတန်း) အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ)ကျပ်၊ M.H.R.A  (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း (၂၁၈ဝဝဝ)ကျပ် ရရှိမည်။]

၆။လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့် /အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့် /အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး  ယှဉ်တွဲဖော်ပြပါ လစာ ၊ စရိတ်များ ရရှိမည်-

                               အဆင့်အတန်း                       အခြေခံ      အရည်အချင်း     M.H.R.A        ပေါင်း

                                                                           လစာ         လစာ

(က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)၂ဝ၄ဝဝဝ       ၆ဝဝဝ         ၁ဝဝဝဝ        ၂၂ဝဝဝဝ

(ခ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ပထမတန်း)    ၂ဝ၄ဝဝဝ       ၈ဝဝဝ         ၁ဝဝဝဝ        ၂၂၂ဝဝဝ

(ဂ) ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)               ၂၄ဝဝဝဝ       ၈ဝဝဝ         ၁ဝဝဝဝ        ၂၅၈ဝဝဝ

(ဃ) အရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                      ၂၅၈ဝဝဝ        ၈ဝဝဝ         ၁ဝဝဝဝ        ၂၇၆ဝဝဝ

မှတ်ချက်။    နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ် နှုန်းဖြင့် (၁ဝဝဝဝ)ကျပ် အထိ ခံစားခွင့်ရှိသည်။                   

၇။  တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။

၈။ ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော် လည်းကောင်း၊ ဘွဲ့မရသေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော် လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထားနိုင်သည်။

၉။ ထို့အပြင် ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်း စာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း ၊ ရေ ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူ သွားရောက်၍  အမှုထမ်းဆောင်နိုင်ခွင့်ရှိသည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 77824168367a8c9ac44ea57.48583753 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).