ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုအတွက် အက်စ်တွန်ဗီလာ အသင်း ဂိုးသမား မာတီနက်ဇ် ရေပန်းစားနေ

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုအတွက် အက်စ်တွန်ဗီလာ အသင်း ဂိုးသမား မာတီနက်ဇ် ရေပန်းစားနေ

ဆိုဗီယက်ယူနီယံဂန္ထဝင် ဂိုးသမားကြီး လက်ဗ်ယာရှင်ကို အစွဲပြုပြီး ချီးမြှင့်ပေးအပ်သော ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုဖြစ်သည့့် Yachine Trophy  ဆုအတွက် ဆန်ခါတင်ဂိုးသမား စာရင်းကို အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့ရာ  အာဂျင်တီးနား အသင်းနှင့်  အက်စ်တွန်ဗီလာ အသင်းဂိုးသမား မာတီနက်ဇ်က ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။

အဆိုပါ Yachine Trophy ဆုကို ၂ဝ၁၉ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး  ယခုအခါ  နောက်ဆုံးဆန်ခါတင ်ဂိုးသမား  ၁ဝ  ဦးစာရင်း ထုတ်ပြန်ကြေညာခဲ့ရာ    နိုဝင်ဘာ ၂၉ ရက်တွင် ပေးအပ်ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d'Or) ဆုပေးပွဲ အခမ်းအနား၌    ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

့ခေ့ငညန ွှမသစ့ပ ဆုကို ၂ဝ၁၉ ခုနှစ်က လီဗာပူး အသင်းဂိုးသမား အလီဆန်က ရရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် က  ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့်  မပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိထုတ်ပြန်ခဲ့သည့် ဆန်ခါတင် ဂိုးသမား ၁ဝ ဦး စာရင်းတွင် မာတီနက်ဇ်နှင့်အတူ ပီအက်စ်ဂျီအသင်း ဂိုးသမားများဖြစ်သည့်    ဒွန်နာရမ်မာနှင့်နာဗက်၊ ဘိုင်ယန်မြူးနစ် အသင်းမှ နူအာ၊ အက်သလက်တီကို အသင်းမှ  အော့ဘလက်၊  အင်တာမီလန်အသင်းမှ ဟန်ဒါနိုဗစ်ချ်၊ မန်စီးတီးအသင်းမှ အီဒါဆန်၊ လက်စတာ အသင်းမှ ရှမိုက်ကယ်၊ ချယ်လ်ဆီးအသင်းမှ မန်ဒီနှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ   ကော့တွိုက်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Ref;France Football.com