ငယ်ဘဝ

ယမန်နေ့မှအဆက်

ဦးဇင်းတစ်ပါးရှိသည်။ ဦးဇင်း၏မျက်နှာက တင်းသည်။ ဆရာကြီးတစ်ယောက်ရှိသေးသည်။ သူကလည်း သူ့ဘာသာ အေးအေးဆေးဆေးနေသည်။ စာဖတ်နေသည်ကများသည်။ မောင်ညွန့်နှင့် မြသန်း ကျောင်းသားကြီးနှစ်ယောက်ရှိသည်။ သူတို့ပြန်စရာမရှိ၍လား၊ မပြန်ချင်၍လားမသိ။ ဘော်ဒါဆောင်မှာရှိနေသည်။ သူတို့နှစ်ယောက် ချက်ပြုတ်ကျွေး၍ မောင်ငြိမ်းချမ်းတို့ စားနေရသည်။

ဘုန်းကြီး၏တူ ကိုသန်းဘိုရှိသေးသည်။ သူလည်း မောင်ညွန့်၊ မြသန်းတို့နှင့်အတူနေ၍ လုပ်စရာ၊ ကိုင်စရာ ချက်ပြုတ်စရာရှိလျှင် ဝိုင်းဝန်းကူညီသည်။ မောင်မောင်လေးမှလွဲလျှင်    ကျန်ပုဂ္ဂိုလ်များမှာ မောင်ငြိမ်းချမ်းနှင့် အလှမ်းကွာလွန်းသည်။ သူတို့ကလည်း မောင်ငြိမ်းချမ်းကို ခုမှ ကျောင်း ရောက်လာပြီး တစ်ချိန်လုံးငိုနေသည့် မိဘမဲ့ဒုက္ခသည်ကောင်ကလေး တစ်ယောက်ဟုသာ သဘောထားကြသည်။ အဖက်လည်းမဟုတ်၍ အဖက်လည်းမလုပ်ချင်ကြပါ။

မောင်ငြိမ်းချမ်းကလည်း ဘယ်သူနှင့်မှစကားမပြောချင်ပါ။ ကိုယ့်ဘာသာ လွမ်းလွမ်းဆွေးဆွေး နှင့် ငိုနေချင်သည်။   မေးလားမြန်းလား လုပ်လာသူရှိလျှင် အသံမထွက်ဘဲ မျက်ရည်က ထွက်လာဦးမည်။ ဘဘဘုန်းဘုန်း ကြွသွားသောညက မောင်ငြိမ်းချမ်း ပို၍ငိုမိသည်။

“ငါတစ်ယောက်တည်းကျန်ခဲ့ပြီ...   ဘယ်သူ့မှ အားကိုးစရာမရှိ”

ဟူသောအသိက အားငယ်စိတ်ကို ကြီးစွာဖြစ်စေသည်။ ညနေထမင်းစားတော့ ရွာမှာမိသားစု အတူထိုင်၍ စားပွဲဝိုင်းလေးနှင့် စားရသည်ကိုသတိရပြီး မျက်ရည်မဆည်နိုင်။ ညကျတော့လည်း ရွာမှာသူငယ်ချင်းများနှင့်ဆော့ ကစားရသည်ကို လွမ်းဆွတ်၍ မျက်ရည်မဆည်နိုင်။

အိပ်ရာထဲရောက်တော့ အတူအိပ်သောအမေကြီးကို သတိရသည်။ ယခုအိပ်နေရသည်က ကိုယ့် တစ်ယောက်တည်း။ စောင်ကိုခေါင်းမြီးခြုံပြီး  ရှိုက်ကြီးတငင်ငိုပစ်မိသည်။ အတော်မောမှ အိပ်ပျော် သွားသည်။ တစ်ရေးနိုးသော် ရှိုက်မိလျက်- အေဘီစီသင်ပေးပါ မိဘမဲ့ကျောင်း   ဘော်ဒါဆောင် ရောက်သည်မှာ  သုံးရက်ရှိသွားပြီ။ မျက်ရည်များက စီးကျဆဲ။ မကုန်နိုင်မခန်းနိုင်သော မျက်ရည် များကို မောင်ငြိမ်းချမ်းမုန်းတီးမိသည်။

စာသင်ရလျှင် အလွမ်းသက်သာမည်ထင်သည်။ အလွမ်းသက်သာလျှင် အငိုရပ်မည်။ မလွမ်းရ၊ မငိုရ အောင် စာသင်ချင်သည်။ ကျောင်းကလည်း မဖွင့်သေး။ ရွာမှမထွက်ခင်ညမှာ  အဖေကြီးက အင်္ဂလိပ်စာ အေဘီစီဒီကို မြန်မာစာလုံးနှင့် ဇက်အထိရေးပေးသည်။ အင်္ဂလိပ်စာလုံးများကိုလည်း ရေးပြသည်။ “အဖေကြီးက အင်္ဂလိပ်စာမသင်ခဲ့ရတော့ သိပ်မသိပါဘူး...။ သိသလောက်ရေးပြတာပါ။ နောက်ကျငါ့မြေးက အဖေကြီးထက် အများကြီးတတ်မှာပါ။ အခု ငါ့မြေးနေမယ့်ကျောင်းမှာ သုံးတန်းကစပြီး အင်္ဂလိပ်စာ သင်ရမှာ... ငါ့မြေးကလည်း သုံးတန်းမှာဆိုတော့ အတော်ပဲ။ ကျောင်းမဖွင့်ခင်ကစပြီး သင်ပေးနိုင်မယ့် သူရှာ။ အေဘီစီဒီသင်ထား...”

အဖေကြီး မှာလိုက်သောစကားများကို မောင်ငြိမ်းချမ်း သတိရမိသည်။ အင်္ဂလိပ်စာသင်ချင်သည်။ ဘယ်သူ့ကို အသင်ခိုင်းရမှန်းမသိ။ မောင်မောင်လေးကိုမေးကြည့်ရသည်။

“ငါ အင်္ဂလိပ်စာ အေဘီစီသင်ချင်တယ်။ ဘယ်သူ့ကို အသင်ခိုင်းရမလဲ”

မောင်မောင်လေးက ဟိုဟိုသည်သည် လျှောက်ကြည့်သည်။ ဘယ်သူမျှမတွေ့။ ထိုအချိန်တွင် ကျောင်းပေါ်သို့တက်လာပြီး ခေါင်းရင်းပိုင်းမှ သူ့ခုတင်ရှိရာသို့ လျှောက်သွားသော   ဦးဇင်းကို တွေ့ရသည်။ မောင်မောင်လေးက လက်ညှိုးထိုးပြသည်။

“ဦးဇင်းဆီ သွားသင်...”

 မောင်ငြိမ်းချမ်း ဦးဇင်းကိုကြောက်သည်။ ဦးဇင်း မျက်နှာကတင်းလွန်းသည်။ သို့သော် အင်္ဂလိပ်စာ သင်ချင်စိတ်ကြောင့် သွားပြောရန်ဆုံးဖြတ်လိုက်သည်။ အဝတ်ဖာလေးထဲမှ ဗလာစာအုပ်နှင့်ခဲတံ၊ ကျောက်သင်ပုန်းနှင့် ကျောက်တံကိုထုတ်ယူလိုက်သည်။ စီးကျဆဲဖြစ်သော မျက်ရည်များကို သုတ်ပစ်လိုက်သည်။ ဦးဇင်းရှေ့မှာ မျက်ရည်ကျနေ၍မဖြစ် ဦးဇင်းစိတ်ဆိုးသွားလိမ့်မည်။

ဦးဇင်းက ခေါင်းရင်းပိုင်းရှိ သူ့ခုတင်မှာထိုင်နေပြီ။ အသစ်ဝယ်လာဟန်တူသော ဖောင်တိန်မှာ ပိုက်ကလေး နှင့်မင်ထည့်နေသည်။ မောင်ငြိမ်းချမ်း စာအုပ်၊ ကျောက်သင်ပုန်း၊ ခဲတံ၊ ကျောက်တံများကို ရှေ့မှာချပြီး ဦးဇင်းကိုကန်တော့သည်။ ဦးဇင်းက လှည့်ကြည့်သည်။ အကြည့်က တင်းသည်။ ကြောက်၍လားမသိ မောင်ငြိမ်းချမ်း၏ အဆက်မပြတ်စီးနေသော မျက်ရည်များ ရပ်သွားသည်။ ရှိုက်သံများလည်းပျောက်နေသည်။

“တပည့်တော် အေဘီစီ သင်ချင်လို့ပါ။ အေဘီစီ သင်ပေးပါ”

“ဟေ...”

ဦးဇင်းအံ့သြသွားဟန်တူသည်။ မောင်ငြိမ်းချမ်းကို လှည့်ကြည့်သည်။ မင်ထည့်ပြီးသွားသော ဖောင်တိန် အသစ်လေးကို အဝတ်စအဖြူလေးနှင့်မင်များသန့်စင် အောင်သုတ်နေသည်။ မောင်ငြိမ်းချမ်းက သူ၏ဗလာစာအုပ်အသစ်လေး ဦးဇင်းထံပေးသည်။  ဦးဇင်းက ခဏစဉ်းစားနေပြီးမှ ဗလာစာအုပ်ကို  လှမ်းယူလိုက်သည်။    မင်ထည့်ပြီးစ သူ့ဖောင်တိန်ဖြင့်ပင် အေဘီစီစာလုံးလေးလုံးရေးပေးသည်။

ဗလာစာအုပ်ပြန်ပေး၍  အသံထွက်မှန်အောင်ချပေး သည်။ မောင်ငြိမ်းချမ်း လိုက်ဆိုရသည်။ စာလုံးများ အားလုံး အသံထွက်မှန်အောင်ဆိုတတ်သည်နှင့်.

]]ကဲ.သွားတော့...}}

ဗလာစာအုပ်ပြန်ပေးသည်။ ဆက်လက်ဖော်ပြပါမည်။                     ]]ဟို လှေခါးကနေ မြေအောက်ခန်းဆင်းသွား။ အဲဒီမှာ ဘယ်သူ့မှမရှိဘူးသွားကျက်။ အလွတ်ရရုံနဲ့ မပြီးဘူးနော်။  စာလုံးလေးမျိုးစလုံး အလွတ်ရေးတက် ရမည်...။ အေကနေဇက်၊ ဇက်ကနေအေ အပြန်အလှန်ရေးတတ်ရမယ်။