အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံထားရှိရေးနှင့်ပတ်သက်ပြီး အာမခံလက်ခံခြင်း နှင့် လျော်ကြေးပေးချေခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းအခမ်းအနားကျင်းပ

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံထားရှိရေးနှင့်ပတ်သက်ပြီး အာမခံလက်ခံခြင်း နှင့် လျော်ကြေးပေးချေခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၁

အာဆီယံနိုင်ငံအချင်းချင်း နယ်စပ်ဖြတ် ကျော်မော်တော်ယာဉ်များအတွက် မထားမနေ ရ သူတစ်ပါးထိခိုက်မှုအာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေ ရန်အတွက် ASEAN Compulsory Motor Insurance (ACMI) စနစ်အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အသုံးပြုသွား နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန  မြန်မာ့အာမခံလုပ်ငန်းနှင့် ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အာမခံအဖွဲ့ အစည်းများအကြား နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် Video Conference စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊  မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးတို့ ပါဝင်တက်ရောက်သည်။

အခမ်းအနားတွင် SEAN Secretar-iat ၊ Finance Integration Division မှ Mr. Herminio Jr. Cortez Runas မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ASEAN Insurance Council (AIC) rS Secretary-General မှ Mr. Christian W. Wanandi? ASEAN Council of Bureaux (COB) ၏ Chairman ဖြစ်သူ Mr. Michael F. Rellosa Office of Insurance Commission of Thailand rS Secretary General မှ Dr. Suthi- phon Thaveechaiyagarnတို့ကလည်း   အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာကို လက် မှတ်ရေးထိုးထားခြင်းအားဖြင့် မြန်မာနိုင်ငံ အတွင်းသို့ဝင်ရောက်လာမည့် နယ်စပ်ဖြတ် ကျော်မော်တော်ယာဉ်များမှ အာမခံပရီမီယံ ကြေးများရရှိသကဲ့သို့ ထိုမော်တော်ယာဉ်များ မတော်တဆထိခိုက်မှုများကြောင့် သေဆုံး သူ၊ ဒဏ်ရာရရှိသူများအတွက် သူတစ်ပါး ထိခိုက်မှုအာမခံနစ်နာကြေးအား ပေးချေ နိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား စီးပွား ရေးပေါင်းစပ်မှုများနှင့်အညီ ကုန်စည်စီးဆင်း မှုများ တိုးတက်လာစေခြင်း၊ ကုန်သွယ်ရေး  နှင့်  ဝန်ဆောင်မှုလုပ် ငန်းများတိုးတက်လာ စေရေးအတွက် အထောက်အကူပြုပေးနိုင် ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး  အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ အောင်မြင်စေ  ရေးအတွက်ကိုလည်း များစွာအထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။