(၁၂)ကြိမ်မြောက်အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်  စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်း အဝေးကျင်းပ

(၁၂)ကြိမ်မြောက်အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်  စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်း အဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၁

(၁၂)ကြိမ်မြောက်  အာဆီယံခရီးသွားလုပ်ငန်း  ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေး ကော်မတီ အစည်းအဝေး (12th ASEAN Tourism Competitiveness Committee Meeting- ATCC) ကို ယနေ့နံနက် ၈  နာရီခွဲတွင်   Video Conferencing ဖြင့် ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့်  ဘရူနိုင်းဒါရုဆလမ် နိုင်ငံတို့က ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် အသီးသီး ဆောင်ရွက်၍  အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ  ကိုယ်စားလှယ်များ၊  အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊   အာဆီယံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအဆင့်မြင့်အရာရှိနှင့်  ဈေးကွက်မြှင့်တင်ရေး အေဂျင်စီမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့်   ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင်  အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အရ ၂၀၂၁ ခုနှစ်အတွင်း သက်ဆိုင်ရာဦးဆောင်နိုင်ငံများမှ အကောင် အထည်ဖော်   ဆောင်ရွက်ပြီးစီးမှုများ၊   အာဆီယံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင် ရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၂၅) အရ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင် ရေးအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊  အာဆီယံဒေသတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေသူများ၏ ဘေးကင်းလုံခြုံစိတ်ချ စေရေးအတွက် မူကြမ်းရေးဆွဲပြီးစီး ခဲ့သည့် ASEAN Common Health and Safety Guidelines များအရ Certification Programme ဆောင်ရွက်မည့်  အခြေအနေ များ၊   အာဆီယံခရီးသွားလုပ်ငန်းမဟာ  ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) နှင့်ယှဉ်တွဲ၍ ကိုဗစ်-၁၉ အလွန် ဒေသတွင်းခရီးသွား လုပ်ငန်းများ  ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက် သွားမည့် ASEAN Tourism Recovery Plan  ပါအစီအစဉ်များ၊ ၂၀၂၂ ခုနှစ်အတွက် ဆောင်ရွက်သွားမည့် ကော်မတီ ဆိုင်ရာ   အဆိုပြုစီမံကိန်းအသစ်များနှင့်

လာမည့်  ၂၀၂၂-၂၀၂၃  ခုနှစ်အတွက် ဆောင်ရွက်သွားမည့်  လုပ်ငန်းစီမံကိန်း ရေးဆွဲ ထားရှိမှုအခြေအနေများ၊ ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန်   အဆိုပြု ရွေးချယ် ခြင်းလုပ်ငန်းစဉ်များကို ပူးပေါင်းဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

ယခုအစည်းအဝေးအပြင် အခြားသော ဆက်စပ်   အာဆီယံခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးများကို  ၁၄-၁၀- ၂၀၂၁ ရက်အထိ ဆက်လက်ကျင်းပသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။