ကျိုင်းတုံမြို့၌ အောက်ဆီဂျင်အခမဲ့ပေးဝေရေးစက်ရုံအား ကြည့်ရှု၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်
နေပြည်တော်၊ အောက်တိုဘာ - ၁၆
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အောက်ဆီဂျင်အခမဲ့ပေးဝေရေးစက်ရုံကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လွယ်ဆီး ကိုဗစ်-၁၉ ရောဂါကုသဆောင်အတွက် ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်း သားများအား ကျိုင်းတုံမြို့၊ စည်ပင်ရိပ်သာခန်းမဆောင်၌ တွေ့ဆုံ၍ ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ထောက်ပံ့ငွေ များနှင့် အားကစားပစ္စည်းများကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။