အမ်းမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၉၉ဝ၁ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

အမ်းမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၉၉ဝ၁ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ   အသက် ၁၂ နှစ်နှင့် အထက်  ကျောင်းသား၊  ကျောင်းသူ၉၉ဝ၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ပထမအကြိမ် ထိုးနှံပေးခြင်းကို အထက(၁)ပညာရတနာခန်းမနှင့် ဆေးထိုးစုရပ် ခုနစ်နေရာတို့တွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်း၌  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စတင်ထိုးနှံပေးလျက်ရှိသည်။

အမ်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၁၁ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂၇ ကျောင်း၊  အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၂၈ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း  ၃၅  ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၉၉ဝ၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  (Sinovac) အမျိုးအစား  ၅၈၄၁  လုံးကို  ကျန်းမာရေး ဝန်ကြီးဌာနက    ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ စခန်းမော်အခြေခံပညာ   အထက်တန်းကျောင်း၊ တပ်တောင် အခြေခံပညာ အထက်တန်းကျောင်း၊ မင်းတက် အခြေခံပညာ  အထက်တန်းကျောင်း၊  တလိုင်းတောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ပဒဲကြော၊  ရှုး အခြေခံပညာ အထက်တန်းကျောင်း၊ ကျောက်မြောင်း အခြေခံပညာ အထက်တန်းကျောင်း စုရပ်ခုနစ်နေရာ၌  ကာကွယ်ဆေးထိုးရန်  အကျုံးဝင်သည့်    ကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ် စနစ်တကျစတင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး   ဦးရွှေအေး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး  ဦးစီးဌာနမှ ဒေါက်တာအောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးကိုကြီးနှင့် တာဝန်ခံ ကျောင်းအုပ် ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊    မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေး အဖွဲ့ဝင်များက လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော  စည်းကမ်းချက်များနှင့်အညီ   ကျန်းမာရေး စစ်ဆေးခြင်း၊  ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျဆေးထိုးနှံပေးခြင်းတို့ကို  ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း    သိရသည်။